အချစ်စစ်ကို ရှာမတွေ့သေးသရွေ့ ကျမတို့ဘဝမှာ ဘာကလိုအပ်နေမှန်းသိမှာမဟုတ်ဘူးတဲ့
ကေသရာက ကျမအတွက်တော့ ထူးခြားတဲ့လူတယောက်ပါ
ကျမဘဝကို ထွန်းလင်းပေးတဲ့လမင်းတစင်းလိုပဲ
အေးမြနွေးထွေးခြင်းကိုပေးတယ်
ကျမဘဝထဲ သူမရောက်လာရုံနဲ့ တောက်ပတဲ့အလင်းတွေကို ရရှိစေခဲ့တာပါ
သူမကြောင့် ကျမရဲ့နေ့ရက်တွေက တောက်ပတဲ့ရောင်ခြည်နဲ့ နွေဦးနေ့ရက်တွေလို
အရောင်စုံတဲ့ပန်းပွင့်တွေတွေ့ရတဲ့ ဆောင်းဦးနေ့ရက်တွေလို
ပျော်ရွှင်ရတယ် စိတ်လှုပ်ရှားရတယ်
ဒါပေမယ့် ကျမတို့ရဲ့တွေ့ဆုံမှုက တိုတောင်းတာကြောင့် ကျမ သူမရဲ့အချစ်တွေကို မယုံကြည်ခဲ့ဘူး
သူမကတော့ ကျမကို ဂရုစိုက်ပါတယ်
ဒါပေမယ့် သူမဆီက ချစ်ခြင်းတွေရဲ့ စစ်မှန်မှုကိုတော့ မခံစားခဲ့ရဘူး
မမက ကျမကို သဘောကျချင်ကျမှာပါ
ဒါကြောင့်သာ တွဲကြမယ်ပြောခဲ့တာမဟုတ်လား
အဲ့လိုဆိုရင်လည်း အဆင်ပြေပါတယ်
ကျမ သူမကို ချစ်နေရရုံနဲ့ လုံလောက်တယ်တွေးမိတာကြောင့်
ကျမ သူမကို ချစ်ခွင့်ရနေတာပဲ
ကျမရဲ့အချစ်တွေကို သူမကို ထုတ်မပြတာက လွဲရင်ပေါ့
ကျမကြောင့် ဝန်လေးနေမှာ မလိုချင်ဘူး
ဒီအတိုင်း ပေါ့ပေါ့ပါးပါးလေးပဲ လက်တွဲပြီး
ပေါ့ပေါ့ပါးပါးလေးပဲ လမ်းခွဲကြဖို့ ဆန္ဒရှိခဲ့ပါတယ်
ကျမ သူမကို တကယ်ချစ်နေမိပြီဆိုပေမယ့်လို့
တချိန်မှာ သူမကတော့ ကျမကို ခွဲခွာမယ်ဆိုတာ
ကြိုသိနေခဲ့ပါတယ်
မသိစိတ်က သေချာသိနေတဲ့ အဖြေတခုပါပဲ"ရာသိလား ကလေးက မမအတွက် နေအလင်းလိုပဲ"
"ညီမက ပူပြင်းလို့လား"
"မဟုတ်ပါဘူး ကလေးက မမဘဝကို တောက်ပစေတယ်လေ လမင်းဆိုတာ ကိုယ်ပိုင်အလင်းမရှိပါဘူး နေကပေးတဲ့အလင်းကြောင့်သာ တောက်ပနေတာမျိုးလေ"သူမကအဲ့လိုပြောလာတဲ့အခါ ကျမ ဘာမှပြန်မပြောပဲ ရယ်နေခဲ့ဖူးတယ်
သူမရဲ့နေလေးဖြစ်တဲ့ ကျမက လမင်းက
မလိုချင်ခဲ့ရင်တောင် အလင်းပေးဖို့ ဆုံးဖြတ်ပြီးတဲ့အကြောင်းကိုလည်း ပြောမပြခဲ့ပါဘူး
သူမအတွက် နေအလင်းလိုအပ်တယ်မဟုတ်လား
အဲ့ဒီအတွက် အဝေးမှာရှိနေရင်တောင် ကျမဖြည့်ဆည်းပေးမယ်
သူမအတွက် ကျမကိုယ်ကျမ လောင်ကျွမ်းစေပြီး အလင်းကို ယူဆောင်ပေးမယ်
အဲ့လောက်ထိ ကျမက သူမကို ချစ်ခဲ့မိပါပြီ
အချိန်ကာလတိုတောင်းခြင်းက ကျမရဲ့ချစ်ခြင်းအတွက်တော့ သက်ရောက်မှုမရှိခဲ့ပါဘူး

ESTÁS LEYENDO
🍀soul mate🍀
Romance🍁lovely romance between girls🍁 "collection of short stories" unicode & zawgyi versions