ဆန္ဒတွေဟာ အမှန်ဖြစ်လာတတ်တယ်
ပြင်းပြတဲ့ဆန္ဒနဲ့ပြုခဲ့တဲ့တောင်းဆုတိုင်းက ဆွဲငင်ယူနိုင်တဲ့ စွမ်းအင်တမျိုးပဲ
စကြာဝဠာကြီးထဲမှာ စွမ်းအင်တွေဆိုတာက
အပြည့်ရှိနေကြတာ
အဲ့ဒီရှိနေဆဲစွမ်းအင်နဲ့ ကိုယ့်ဆီကနေထွက်ပေါ်လာတဲ့စွမ်းအင်တွေ ချိတ်ဆက်မိပြီး
ဖြစ်စေချင်တဲ့အရာကို ရလာစေတာမျိုးပဲဖြစ်မယ်
ဆန္ဒတွေရှိရာဆီကို အလိုလိုတိမ်းညွတ်သွားစေတယ်
ဒီဇာတ်လမ်းရဲ့အစက အဲ့လိုမျိုး ပြင်းပြင်းပြပြနဲ့
တပ်မက်ခဲ့တဲ့ဆန္ဒတွေကြောင့်လို့ ဆိုရမလားအခန်းငယ်ထဲမှာ တယောက်တည်း နာကျင်ပြိုလဲနေတဲ့အခါ ကျမ တစုံတယောက်ကို အလွန်အမင်းတောင့်တခဲ့တယ်
အဲ့တာက ဘယ်လိုဖြစ်တည်မှုမျိုးပဲဖြစ်ဖြစ်
လက်ခံဖို့ တွေးထားခဲ့တယ်
အဲ့ဒီညမှာ တယောက်တည်း အဖျားတက်ပြီး
ခန္ဓာကိုယ်ကပါ တအားကို နာကျင်နေခဲ့တယ်
နာနေတဲ့ဗိုက်ပေါ် လက်တင်ထားပြီး
ဒီအတိုင်း မလှုပ်မယှက် လှဲလျောင်းလို့
လှုပ်ကို မလှုပ်နိုင်ခဲ့တာပါ
သေးငယ်တဲ့အပြုအမူလေးတခုကိုတောင်
မလုပ်နိုင်အောင် ခန္ဓာကိုယ်က လေးလံလွန်းနေတယ်
တဖြေးဖြေးတိုးလာတဲ့အပူချိန် ဆောင်းညရဲ့အေးစက်စက်အထိအတွေ့
အဲ့တာက ခံရခက်လွန်းတဲ့ဝေဒနာတခုပါပဲ"တစုံတယောက်ရောက်လာပေးပါ"
ကျမ မသိစိတ်ကနေ တောင့်တမိတဲ့အထိ
အသံခပ်တိုးတိုးပါ ရွတ်ဆိုမိခဲ့သလား မသေချာဘူး
အဖျားဒဏ်ကြောင့် ကျမ မျက်ဝန်းတွေက
မှေးဆင်းလာတယ်
ရေပတ်ဝတ်ကပ်ထားတဲ့ပဝါလေးက
နဖူးပေါ်မှာ တင်ထားရင်းနဲ့ ကျမ အိပ်ပျော်သွားခဲ့တယ်
မသိစိတ်ရဲ့ဆန္ဒတွေကြောင့်ပဲလား
အဲ့ဒီညမှာ ကျမ နွေးနွေးထွေးထွေးအိပ်ပျော်သွားခဲ့ရတယ်
ကျမအနားမှာ တစုံတယောက်ရောက်လာခဲ့သလို
နာကျင်နေတဲ့ဗိုက်ကို တစုံတယောက်က အနွေးဓာတ်ပေးခဲ့သလို မနက်အိပ်ယာနိုးလာချိန်မှာ
ညကထက် နေလို့ကောင်းနေခဲ့တယ်
ရေပတ်ဝတ်ပဝါလေးက အိပ်ယာဘေးက ရေခွက်လေးထဲမှာ
အိပ်တဝက်နိုးတဝက်နဲ့ ကျမကိုယ်တိုင်လုပ်မိခြင်းလားမျက်နှာသစ်ပြီးတော့ အိမ်ငယ်လေးရဲ့ရှေ့ကို ထွက်လိုက်တယ်
အနီရောင်မြေအိုးလေးနဲ့ နှင်းဆီတပင်
တပွင့်တည်းသောနှင်းဆီပန်းလေးက အနက်ရောင်
ВЫ ЧИТАЕТЕ
🍀soul mate🍀
Любовные романы🍁lovely romance between girls🍁 "collection of short stories" unicode & zawgyi versions