"ယွန်း unnie က ငါ့ကို သိပ်ချစ်တာ
အဲ့တာက စိတ်ရှုပ်ဖို့ကောင်းတယ်"
"ဟွာ ငါ နင့်ကို ချစ်တယ်လို့ပြောတဲ့အခါ
အလေးထားသင့်တယ်
တကယ်လို့..တချိန်မှာ
ချစ်တယ်လို့ ငါမပြောတော့ရင် နင်ဝမ်းနည်းရလိမ့်မယ်"unnie က ငါ့ကို တအားဂရုစိုက်တာ
သူ့ရဲ့ဂရုစိုက်မှုက စိတ်ရှုပ်စရာကောင်းလောက်အထိ
အလုပ်ချိန်ကလွဲရင် 24 နာရီလုံး ငါ့အနားမှာပဲ ကပ်တွယ်နေခဲ့တယ်
အဆိုးဆုံးက ငါ့ကို တချိန်လုံး ဖက်ထားပြီး
မကြာခဏ နမ်းတာကိုပါပဲ
ငါကိုယ်တိုင်လည်း အဲ့တာကို သဘောမကျတာမဟုတ်ပေမယ့် သူက တချိန်လုံးနမ်းနေတော့ စိတ်ရှုပ်ရတယ်လေ
ငါက အရုပ်လေးတရုပ်မှမဟုတ်တာ
ငါ့မှာ ခံစားတတ်တဲ့နှလုံးသားတခုနဲ့"ဟွာက တအားချစ်ဖို့ကောင်းတာ
အဲ့လိုကလေးတယောက်ကို ဘယ်သူက မချစ်ပဲနေနိုင်မှာလဲ
သေချာတယ် သူ့အကြောင်းကိုသာ နင်တို့သိရင်
သူ့ကို ဘယ်လိုမှမမုန်းနိုင်ဘူး
ငါက ချစ်ဖို့ကောင်းတဲ့အရာအားလုံးကို သဘောကျတယ်
ဟွာကတော့ ချစ်ဖို့အကောင်းဆုံးပဲ"
"unnie က စိတ်ရှုပ်ဖို့ကောင်းလိုက်တာ.."ကျမ နှုတ်က အဲ့လိုပြောလိုက်ပေမယ့်လည်း
စိတ်ထဲမှာတော့ တကယ်ကို ကျေနပ်နေပါတယ်
unnie ရှေ့မှာတော့ ကျေနပ်နေတဲ့ အရိပ်အယောင်မျိုး မပြချင်ခဲ့ဘူး"အာ..ဟွာက ချစ်ဖို့ကောင်းလိုက်တာ"
အရုပ်ခေါင်းစွပ်လေးတပ်ထားတဲ့ ကျမပုံစံကိုမြင်တော့ unnie က ပြေးလာဖက်တယ်
"unnie ငါ့ကို မနမ်းနဲ့နော်
ငါ နှာစေးနေတာ"
"ဘာလို့လဲ
နင်ပဲ ငါ့ကို သဘောကျတယ်ဆို"
"သဘောကျတယ်ဆိုတိုင်း ငါ့ကို နမ်းရမှာလား"
"အင်း..နမ်းရမှာပေါ့"ဟင့်အင်း..ရှောင်လို့မရခဲ့ပါဘူး
unnie က ငါ့ကို ဖက်ထားခဲ့တာလေ
ပြီးရင် ငါ့မျက်နှာတခုလုံး ရစရာမရှိတော့ဘူး
unnie က မုန်းဖို့ကောင်းလိုက်တာ..တရက်တော့ unnie နဲ့ ကျမ အပြင်လျှောက်လည်ကြတယ်
window shopping အနေနဲ့ရော
ကော်ဖီလည်း သောက်ချင်တာကြောင့်
ဆိုင်တခုရှေ့ကိုရောက်တော့ infinity ♾️ ပုံစံလေးပါတဲ့ လက်ပတ်ကြိုးတခုကို တွေ့တယ်
infinity ♾️ ပုံစံလေးက ကြိုးကနေ တွဲလောင်းလေးကျနေတာ
လက်ပတ်ကြိုးကလည်း သေးသေးလေးနဲ့ ချစ်ဖို့ကောင်းတယ်
VOCÊ ESTÁ LENDO
🍀soul mate🍀
Romance🍁lovely romance between girls🍁 "collection of short stories" unicode & zawgyi versions