"မင်းရဲ့နှလုံးသားကို ဘယ်အချိန်ထိ သော့ပိတ်ထားမှာလဲ"
"ကျမလား သော့ပိတ်ထားတာမဟုတ်ဘူး
ထင်ပါတယ် စိတ်ရင်းအမှန်နဲ့ပဲ
သူငယ်ချင်းတွေကို ဆက်ဆံတယ်လေ"
"အခြားသူတွေအပေါ်မှာရော အဲ့လိုလား"
"ကျမ မသိဘူး တကယ်ကိုမသိတာပါ"သူမကတော့ ကျမရဲ့နှလုံးသားတံခါးကို
လာခေါက်နေခဲ့ပြီ
ကျမ နှလုံးသားကိုပိတ်ထားခဲ့တာ ဘယ်လောက်တောင်ကြာနေခဲ့ပြီလဲ
ဘယ်အချိန်ကတည်းက ပိတ်မိသွားတာလဲ
ချစ်ခြင်းမေတ္တာကို ထုတ်ပြမိတိုင်းမှာ
နောက်ဆုတ်ကျောခိုင်းသွားတဲ့ခြေလှမ်းတွေကြောင့်လား
အချစ်ကိုပဲ အယုံအကြည်မရှိတော့တာလား
မဖြစ်နိုင်ပါဘူး
ကျမ အချစ်ဆိုတာကို ယုံကြည်နေပါသေးတယ်
ကျမရဲ့နှလုံးသားကို ထုတ်ပြဖို့ မဝံ့ရဲတော့တာပဲ
ဖြစ်မယ်
ကျမနှလုံးသားလေးက ဒဏ်ရာများတော့
နောက်တခါပြုတ်ကျသွားရင် ပြန်ပြင်နိုင်မယ်
မထင်ဘူး
ဒီလိုနဲ့ပဲ ကျမက အချစ်နဲ့ဝေးရာကို
ရှောင်ပြေးနေခဲ့မိတာလား
ကျမမှာ အချစ်မရှိပါဘူး အကြိမ်ကြိမ်ရေရွတ်ပြီး
ချစ်တတ်တဲ့စိတ်တခုကို အတင်းဖိနှိပ်ထားခဲ့မိတာလား
အချစ်နဲ့နာကျင်မှုဆိုတာ ရှောင်လွှဲလို့မရတဲ့ကံကြမ္မာလေ
ကျမ နှစ်ခုလုံးရဲ့အဝေးကို ရှောင်ပြေးမယ်
ကျမရဲ့မသိစိတ်က တစုံတယောက်ကိုတောင့်တနေမိရင်တောင် မသိကျိုးကျွံပြုမယ်
ဒါပေမယ့်လည်း
ကျမနှလုံးသားကို ဘယ်တော့မှလွှတ်မချတတ်တဲ့
တစုံတယောက်ကိုတော့ ကျမတွေ့ချင်ပါသေးတယ်"မင်းက ခရီးထွက်ရတာ တအားကြိုက်တယ်နော်"
"အစပိုင်းတော့ ရောက်ဖူးချင်လို့ပေါ့
စိတ်အပန်းဖြေမှုတခုအနေနဲ့
နောက်ပိုင်းမှာကျတော့ ခရီးထွက်ခြင်းက
ကျမအတွက် healing တခုလို ဖြစ်လာတယ်
ကျမစိတ်ကို ပျော်ရွင်မှုပေးရုံသာမဟုတ်ပဲ
ကျမရဲ့ဝေဒနာတွေကိုပါ သက်သာစေတယ်လေ
ခရီးဘယ်လောက်ပဲသွားသွား ကျမအတွက်တော့
သိပ်ပြီးမပင်ပန်းသလိုပဲ
ငြိမ်နေတဲ့အခါမှာ နေမကောင်းသလိုဖြစ်နေတတ်ပေမယ့် ခရီးထွက်တဲ့အခါမှာတော့ သူများတွေထက် ပိုတက်ကြွနေခဲ့တယ် hobby ဆိုတာထက်ကို ခရီးထွက်ခြင်းကို ပိုသဘောကျတယ်"ခရီးအကြောင်းပြောပြနေတဲ့အခါမှာတောင် ကျမစိတ်က တက်ကြွနေခဲ့တာ
သူမကတော့ ကျမပြောတာတွေကို ပြုံးပြီး
နားထောင်နေလေရဲ့
YOU ARE READING
🍀soul mate🍀
Romance🍁lovely romance between girls🍁 "collection of short stories" unicode & zawgyi versions