"psycho lover"

147 9 0
                                    

အခန်းငယ်လေးရဲ့ ကုတင်ထက်မှာ သူမက
တချိန်လုံး နေနေခဲ့တယ်
အိပ်လျက်အနေအထား ဒါမှမဟုတ် ထိုင်လျက်အနေအထား
တခါတခါတော့ ပြတင်းတံခါးကနေ အပြင်ကို ငေးကြည့်နေခဲ့တယ်
တနေ့လုံးနေမှ သူမဆီက စကားတခွန်းကြားရဖို့ဆိုတာ တအားခက်ခဲပါတယ်
သူမမျက်နှာမှာလည်း ခံစားချက်မဲ့နေသလို
တခါတခါမှာ ဘာကိုမှ အလိုမကျသလို
အေးစက်စက်အမူအယာနဲ့

"ရာ ကိုယ့်ကို စကားပြောချင်လား"

သူမက ခေါင်းကိုသာ ခါယမ်းပြတာကြောင့်
ကျမ သူ့အနားသွားလိုက်ပြီး သူမလက်ကို
လှမ်းယူဆုပ်ကိုင်လိုက်တယ်
အဲ့ဒီအခါ ကျမဘက်ကို တချက်လှည့်ကြည့်လာပေမယ့် ငြင်းဆန်ခြင်းလည်း မရှိသလို
လက်ခံတဲ့အမူအယာလည်း မပြခဲ့ပါဘူး

ရာဆိုတာ ကျမအမြဲလာကြည့်နေကျ လူနာတယောက်ပါ
အမှန်အတိုင်းပြောရရင် စိတ်ဝေဒနာရှင်တယောက်ပေါ့
ပြင်းထန်တဲ့စိတ်ရောဂါမဟုတ်ပဲ တခုခုကို စိတ်ကုန်သွားခြင်းကနေ သူမဘဝထဲ ဘယ်သူ့ကိုမှ ဝင်မလာစေချင်တော့တာ
သူမအနားကိုလည်း တယောက်ယောက်ရောက်လာမှာကို မကြိုက်ခဲ့ဘူး
သူမရဲ့ငြိမ်းချမ်းမှုကို နှောင့်ယှက်တယ်တဲ့
သူမက ဆိတ်ငြိမ်တာကို တအားကြိုက်တာ
ဘယ်သူ့ကိုမှ စကားမပြောချင်တော့အထိ သူမက သီးသန့်ဆန်ဆန်နေလာခဲ့တာ တအားကြာခဲ့ပြီ
သူစိမ်းမဟုတ်တဲ့ သူမရဲ့သွေးသားဆွေမျိုးတွေကိုတောင် သူမအနား ရောက်မလာစေချင်တော့ဘူး
သူမက စိတ်ဝေဒနာရှင်လားဆိုတာလည်း
တကယ်တော့ ပြောရခက်ပါတယ်
စိတ်ပိုင်းဆိုင်ရာထိခိုက်နေတာက အမှန်ဆိုပေမယ့် သူမဦးနှောက်ကတော့ ပုံမှန်အတိုင်းအလုပ်လုပ်နေတုန်းပါပဲ
သာမန်လူတယောက်ထက် ဉာဏ်ရည်မြင့်တဲ့သူမက အတွေးတွေကိုလည်း သိနေခဲ့ပါတယ်
ဒါပေမယ့် သူမရဲ့အတွေးတွေကို ဘယ်သူ့ကိုမှ
ပြောပြဖို့ ဆန္ဒမရှိခဲ့ဘူး

ကျမ စရောက်လာတဲ့နေ့မှာတော့ ကျမကို ပြုံးရယ်ပြီး ကြိုဆိုတယ်
ကျမမှတ်မိပါသေးတယ်
အဲ့ဒီနေ့ သူမအနား ကျမရောက်သွားတော့
ကျမဝင်လာတာကို လှည့်ကြည့်ပြီး ပြုံးပြနေခဲ့တယ်

"ကိုယ့်နာမည် ယွန်းပါ"
"ဟုတ်"
"ဘာကြောင့်လာတာလဲ မသိချင်ဘူးလား"
"ကျမအတွက်မဟုတ်လား ဒေါက်တာ
စိတ်ရောဂါတွေအတွက် ကုသပေးတဲ့ဆရာဝန်
ဟုတ်တယ်နော်"
"ကိုယ်လာမှာကို ကြိုပြောထားလို့လား"
"မပြောပါဘူး ဒီအတိုင်းကြားလိုက်တာ"

🍀soul mate🍀Waar verhalen tot leven komen. Ontdek het nu