ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်းစာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ - ကိုခန့်
အပိုင်း ( 21 ) ရွှမ်ယွမ်ဓါးဂိုဏ်းမှာ စောင့်နေမယ်ထိုအခိုက်မှာ ထိုလူတိုင်းရဲ့အကြည့်တွေက မဟာအကြီးအကဲနှင့် လုယောက်ကို စူးစိုက်လာကြတော့သည်။
လုမင်မှန်၏။သွေးမျိုးဆက်ကို အဟာရဖြည့်ကာ သုံးနှစ်ကြာပြီးနောက် ခန္ဓာကိုယ်မှ ထုတ်ပစ်နိုင်ပါသည်။
"လုမင်… မင်းကိုယ်မင်း ဘာထင်နေတာလဲ? မင်းပြောတိုင်း စမ်းသပ်ပေးရမှာလား"
မဟာအကြီးအကဲက အော်ဟစ်လိုက်ပါသည်။သို့သော် ကြည့်ရှုနေကြသူတွေက တုံးအသူတွေမဟုတ်ကြပါချေ။ပျက်ယွင်းနေတဲ့ လုယောက်နှင့် မဟာအကြီးအကဲတို့ရဲ့ မျက်နှာအမူရာတွေကိုမြင်ပြီးနောက် အခြေအနေကို မသိပဲနေပါလိမ့်မည်လော?
လုမင်ပြောတာ အမှန်ပင် ဖြစ်ရပေလိမ့်မည်။
ထိုအခိုက်အတန့်မှာ မဟာအကြီးအကဲနှင့်လုယောက်ကို လူတိုင်းက အမျိုးမျိုးသော မျက်နှာအမူရာတွေနှင့် ကြည့်လိုက်ကြပါသည်။
တစ်ဦးတစ်ယောက်ရဲ့ သွေးကြောကိုလုယူခြင်းဟာ အလွန်ဆိုးယုတ်တဲ့ အပြုအမူပင်။
"လုယွမ်ရှုံ!"
အဓိကအကြီးအကဲခုနှစ်ဦးက မဟာအကြီးအကဲကို စိတ်ပျက်နေကြဟန်နှင့် ကြည့်လိုက်ကြပါသည်။အကြီးဆုံး အဓိကအကြီးအကဲက ဒေါသတကြီးနှင့် ကျယ်လောင်စွာပြောဆိုလိုက်သည်။
"လုယွမ်ရှုံ… လုမိသားစုရဲ့ မဟာအကြီးအကဲဖြစ်ပြီး ခင်ဗျားက ဒီလောက်အရှက်မဲ့တဲ့လုပ်ရပ်မျိုးကို လုပ်ရဲတယ်… ခင်ဗျားရဲ့ ဘိုးဘေးတွေကို ဘယ်လိုမျက်နှာပြရမလဲ? မဟာအကြီးအကဲအဖြစ်နဲ့ အခြားသူတွေကို ဘယ်လိုယုံကြည်စိတ်ချရမှုမျိုး ပေးနိုင်တော့မှာလဲ?""ဒီနေ့ မိသားစုအစည်းအဝေးမှာပဲ လုယွမ်ရှုံကို မဟာအကြီးအကဲနေရာက ဖယ်ရှားမယ်… လုယောက်ကိုလည်း မိသားစုခေါင်းဆောင်ရာထူးပေးအပ်ဖို့ကနေ ဖျက်သိမ်းမယ်!"
"ဘာ? ခင်ဗျားက မဟာအကြီးအကဲဆိုတဲ့ ကျုပ်ရာထူးကို ဖယ်ရှားချင်တာလား? ခင်ဗျားက လုမင်လို ခွေးစုတ်အတွက် ကျုပ်ကိုရာထူးက ဖယ်ရှားချင်တယ်ပေါ့? ယောက်အာက သွမ့်မုမိသားစုနဲ့ အကြောင်းပါထားတယ်ဆိုတာလည်း မမေ့နဲ့ဦးနော်"
မဟာအကြီးအကဲက သွမ့်မုမိသားစုအမည်နှင့် ဟိန်းဟောက်လိုက်ပါသည်။
YOU ARE READING
ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1
Adventureမူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟွမ် မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ထာဝရ လူငယ်လေးလုမင်ဟာ သွေးကြောလုယူခြင်းခံရပြီး အသ...