166 - 170

457 42 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 166 ) နင်ဘယ်သွားမလို့လဲ

သူတို့နှစ်ဦး၏ မျက်နှာတွေက စင်တီမီတာအနည်းငယ်သာ ကွာခြားပေတော့သည်။ ထိုအခြေအနေမျိုးတွင် သူတို့က မျက်လုံးချင်းဆုံကာ စိုက်ကြည့်နေပြီး တစ်ယောက်အသက်ရှုသံကို တစ်ယောက်ကြားနေခဲ့ရပါသည်။

မိန်းမပျိုတစ်ဦး၏ မွှေးရနံ့တွေက သူ့နှာသီးဝကို လာကလူနေပေရာ လုမင်လည်း အသက်ပြင်းပြင်းရှုလိုက်မိသည်။

ကောင်မလေး၏ မျက်နှာက နီရဲသွားကာ သူ့မျက်လုံးထဲမှာ ဒေါသမီးလျှံတွေ ထွက်ပေါ်လာ၏။ တစ်ချိန်တည်းမှာပင် အေးစက်စက် သတ်ဖြတ်ချင်စိတ်တွေထွက်ပေါ်လာကာ ပြောလိုက်သည်။
"နင်မသေချင်ရင် ငါ့ကိုလွှတ်စမ်း"

ယင်းက လုမင်က မည်သို့သဘောတူနိုင်ပါမည်နည်း။ သူက နှုတ်ခမ်းကိုမဲ့ကာ ပြောလိုက်သည်။
"နင့်ဓားမြှောင်ကို အရင်မဖယ်ရင် ငါ့လက်ကိုဖယ်ဖို့ စဉ်းတောင်မစဉ်းစား‌လိုက်နဲ့"

"ငါ့ဓားမြှောင်ကို အရင်ဖယ်ရမှာလား…‌ ယောင်လို့တောင် မတွေးလိုက်နဲ့"
ကောင်မလေးက ဒေါသတကြီးအော်ဟစ်လိုက်သည်။

"အို့… အဲတာဆိုလည်း မေ့လိုက်တော့… ဘာပဲဖြစ်ဖြစ် မိန်းမလှလေးက ငါ့လက်ထဲမှာရှိနေမှတော့ ကောင်းတဲ့ကိစ္စပဲ… ‌ကျောက်စိမ်းလို နူးညံ့အိစက်‌တဲ့ အသားရေနဲ့ မွှေးပျံ့တဲ့ ကိုယ်သင်းနံ့လေး… မဆိုးဘူး၊ မဆိုးဘူး… ဒီလိုနေသွားရလည်း ကောင်းတာပဲ"
လုမင်က ရယ်မောလိုက်ပါသည်။ သူက ကောင်မလေး၏ မျက်နှာအနီးကိုတိုးကပ်ကာ ယစ်မူးနေဟန်ဖြင့် အသက်ပြင်းပြင်းရှုလိုက်သည်။

ကောင်မလေးက ရှက်ရွံ့သွားကာ ဒေါသတကြီးနှင့် ပြောလိုက်သည်။
"နင်အရှက်မရှိဘူး"

"နင်ငါ့ကို အော်တယ်နော်… ငါနင့်ကိုနမ်းရဲတယ်ဆိုတာ ယုံလား"
လုမင်က သူ့နှုတ်ခမ်းကိုတွန့်ကွေးကာ ကောင်မလေး၏ နှုတ်ခမ်းနားကို တိုးကပ်လိုက်ပါသည်။

"မဟုတ်ဘူး… နေဦး၊ နေဦး"
နောက်ဆုံးမှာ ကောင်မလေးက ကပျာကယာအော်ဟစ်လိုက်မိသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now