956 - 960

337 26 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 956 ) အစစ်အမှန်နဂါး အလျားများ။

တဖြည်းဖြည်းနှင့် လှေကားပေါ်ရှိ လူအရေအတွက်မှာ လျော့နည်းလာသည်။

စင်မြင့်ပတ်လည်မှာတော့ အင်အားစုအသီးသီးမှ လူများက လှေကားကို စိုက်ကြည့်နေဆဲပင်။

ဤအခိုက်အတန့်တွင် စင်မြင့်ပေါ်၌ ၎င်းတို့၏ကမ္မကို နဂါးအဖြစ် ပြောင်းလဲနိုင်သော လူသုံးရာနီးပါးရှိသည်။

ရေနဂါးသုံးရာတို့တွင် အလျားကလည်း အမျိုးမျိုးရှိ၏။ အတိုဆုံးက ဆယ်ပေရှည်ပြီး အရှည်ဆုံးက ကိုးဆယ့်ကိုးပေ ရှိလေသည်။

ဤအချိန်တွင် ပိုင်ရှီကျင်း၊ ကျွင်းစုန့်ကြွယ်နှင့် တခြားသူများ၏ မျက်နှာများက ပို၍ အကြည့်ရဆိုးလာသည်။

ဂိုဏ်းချုပ်ငယ် ကိုယ်စားလှယ်လောင်း ဆယ့်ဦးထဲမှ အနည်းငယ်သာ ထွက်လာကြ၏။

ဝမ့်မိသားစုဘိုးဘေးမှာလည်း မျက်နှာပျက်နေတော့သည်။

ယခုထိ ဝမ့်ချန်နှင့် ဝမ့်ချန်တို့ကို မတွေ့ရသေးပေ။

၎င်းတို့ဟာ သူတို့ ကံကြမ္မာကို နဂါးအဖြစ် ပြောင်းလဲနိုင်သည့် လူအုပ်ထဲတွင် ပေါ်လာကြသင့်သည်။

နောက်ဆုံးတွင် လူအများစုက သူတို့၏ ကံကြမ္မာကို နဂါးအဖြစ် ပြောင်းလဲနိုင်သည် မဟုတ်ပေ။

သမိုင်းတစ်လျှောက် ၎င်းတို့၏ကံကြမ္မာကို အစစ်အမှန်နဂါးအဖြစ်သို့ ပြောင်းလဲနိုင်သူက အလွန်နည်းပါးသည်။ သူတို့အားလုံးကလည်း ဘီလူးများကြားမှ ဘီလူးများပင် ဖြစ်ချေသည်။

"ချီရွယ်၊ လုမင်"
ပိုင်ရှီကျင်း ပို၍ စိုးရိမ်ပူပန်လာသည်။

လုမင်နှင့် ပိုင်ချီရွယ်က ယခုထိ ပေါ်မလာသေး‌ပေ။

"လုမင်က သူ့ရဲ့ ကံကြမ္မာကို နဂါးအဖြစ် ပြောင်းလဲနိုင်ပေမယ့် ချီရွယ်၊သူ ..."
ပိုင်ချီရွယ် စိုးရိမ်သွားမိသည်။

ပိုင်ချီရွယ်၏ ကျင့်ကြံခြင်းအရ ကောင်းကင်ကို ဆန့်ကျင်နိုင်သည့် အခွင့်အလမ်းမရှိဘဲ ဤမျှများပြားသော ကံကောင်းမှုများစွာကို ရရှိရန် မဖြစ်နိုင်ကြောင်း သူသိသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now