771 - 775

351 34 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အခန်း ( 771 ) ခွန်အားပြသခြင်း။

သို့တိုင် ယင်းကပင် လူအများကို တုန်လှုပ်စေသေးသည်။
 
"တိမ်ပင်လယ်ဂိုဏ်းရဲ့ခွန်အားက ဒီလောက်သန်မာမယ်လို့ ထင်မထားခဲ့ဘူး။ အဲဒီဖက်တီးရဲ့ တိုက်ခိုက်နိုင်စွမ်းကလည်း အဆင့်လေးသိုင်းဘုရင်နဲ့ ညီမျှပြီး  လက်ခြောက်ချောင်း ဝမ်ဒါနဲ့တောင် လက်ရည်တူ ယှဉ်ပြိုင်နိုင်တယ်။ တကယ်ကို ကြောက်စရာကောင်းတာပဲ"

"နောက်ပြီး တိမ်ပင်လယ်ဂိုဏ်းရဲ့ ဝင်္ကပါကလည်း အရမ်းအစွမ်းထက်တယ်၊ ဒါက ခံစစ်ဝင်္ကပါဆိုပေမဲ့ လူရှစ်ဦးကို ကောင်းကောင်းမွန်မွန် ချိတ်ဆက်စေပြီး သွေးလဂိုဏ်းကို တားဆီးထားနိုင်ခဲ့ကြတယ်။ ဒါက တုန်လှုပ်စရာပဲ"
   
"ခင်ဗျားမြင်လား၊ ဟိုလူငယ်နှစ်ယောင်ကလည်း မရိုးရှင်းဘူး။ သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းက အဆင့်နှစ် ဝိညာဉ်ပင်လယ် အထွတ်အထိပ်ကို ရောက်နေခဲ့ကြပြီ။ ဒါက ပါရမီရှင်ဆိုတဲ့ တည်ရှိမှုကိုတောင် ရောက်လုနီးပါးပဲ"
   
"တိမ်ပင်လယ်ဂိုဏ်းက ဒီကျွမ်းကျင်သူတွေကို ဘယ်လိုလုပ်ပြီး ဖိတ်ခေါ်ထားနိုင်တာပါလိမ့်"

ပတ်ဝန်းကျင်တွင် ဆွေးနွေးသံများ ထွက်ပေါ်လာသည်။

သို့သော် လုမင်၊ ရှဲ့နျန်ချင်းနှင့် ခုန်းကျင်းက တိုက်ခိုက်နိုင်စွမ်းကို ဖိနှိပ်ထားကြောင်းတော့ သူတို့ မသိခဲ့ကြပါချေ။
   
လုမင်နှင့် ရှဲ့နျန်ချင်းက အဆင့်နှစ် ဝိညာဉ်ပင်လယ် အထွတ်အထိပ်၏ ခွန်အားကိုသာ ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။

အဆင့်တစ် ဝိညာဉ်ပင်လယ်နယ်ပယ်နှင့် အဆင့်နှစ် ဝိညာဉ်ပင်လယ်နယ်ပယ် အထွတ်အထိပ် တိုက်ခိုက်နိုင်စွမ်းရှိခြင်းက ချင်ချင်းရှန်နှင့် ကောင်းချန်ကဲ့သို့ အညံ့ဆုံး ပါရမီရှင်များနှင့်ပင် နှိုင်းယှဉ်နိုင်ခဲ့ပြီ ဖြစ်သည်။
   
သို့သော်လည်း လုမင်တို့သုံးယောက်က သာမန် ပါရမီရှင်များ မဟုတ်ခဲ့ကြပါချေ။
   
သူတို့ သုံးယောက်စလုံးက အနည်းဆုံး သန်မာသော အထူးတာအိုတစ်မျိုးစီကို နားလည်ထားနိုင်ကြသည်။ ယင်းအပြင် တခြား တာအိုတစ်ခု၊ နှစ်ခုနှင့်လည်း ပေါင်းစည်းထားနိုင်ကြ၏။ အစွမ်းထက်သော သိုင်းကျင့်စဉ်နှင့် သိုင်းပညာတို့ကိုလည်း နားလည်ထားကြပါသေးသည်။ ထို့ပြင် အားလုံးက အထူးဝိညာဉ်ပင်လယ်ကို လေ့ကျင့်ပြီး သာမန်ထက် နှစ်ဆပိုသော ဝိညာဉ်ပင်လယ်ကို ပိုင်ဆိုင်ထားပြီးသား ဖြစ်သည်။
   
ထိုအကြောင်းများအရ ၎င်းတို့တစ်ဦးစီ၏ တိုက်ခိုက်နိုင်စွမ်းသည် အလွန်ကြောက်စရာကောင်းပြီး သာမန်စတုတ္ထအဆင့် ဝိညာဉ်ပင်လယ်နယ်ပယ်ကို သတ်ဖြတ်ကြရန် မခက်ခဲပေ။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now