791 - 795

342 33 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 791 ) နတ်ဘုရားတစ်ပိုင်းအဆင့် ပါရမီရှင်။

"စွပ်"
မြှားက ရှဲ့နျန်ချင်း၏ ဘယ်ဘက်ပခုံးကို ထိမှန်သွားကာ သွေးများစီးကျနေသော အပေါက်တစ်ခု ဖြစ်လာစေသည်။ တချိန်တည်းမှာပင် ရှဲ့နျန်ချင်းကို  အရှိန်ပြင်းပြင်းဖြင့် အနောက်သို့ လွင့်ပါသွားစေခဲ့၏။ 

"ရှောင်ချင်း…"
လုမင်က ဒေါသတကြီးဖြင့် ဟိန်းဟောက်ပြီး ကျန်းမိသားစု၏ပါရမီရှင်များကို လက်ဝါးဖြင့်ရိုက်ကာ နောက်ဆုတ်စေလိုက်သည်။ သူက ရှဲ့နျန်ချင်း၏ သွယ်လျသောခါးမှပွေ့ကာ ဂူဘေးသို့ ဆင်းသက်လိုက်၏။

"ဖက်တီး၊ ပြန်ဆုတ်တော့"
လုမင် အော်ဟစ်လိုက်သည်။

ခုန်းကျင်းက ရွမ်ထင်ထင်ကို သူနှင့်အတူခေါ်သွားသော်လည်း ချက်ချင်းမထွက်နိုင်ခဲ့ပေ။ ထို့ကြောင့် အံကြိတ်ကာ ပြန်ဆုတ်ခဲ့ရသည်။
   
"ရှောင်ချင်း၊ မင်းဘယ်လိုနေလဲ"
လုမင်က ရှဲ့နျန်ချင်းကိုပွေ့ဖက်ကာ ဒဏ်ရာမှ သွေးမထွက်စေရန်အတွက် စွမ်းအင် ဆက်လက်ဖြည့်သွင်းလိုက်သည်။

"ကံကောင်းပြီး အဓိကနေရာကို ရှောင်နိုင်ခဲ့တယ်၊ ငါမသေသေးပါဘူး"
ရှဲ့နျန်ချင်းက ဖြူရော်နေသောမျက်နှာဖြင့် ပြောလိုက်သည်။
   
"အခု မင်းတို့ ဘယ်သွားဦးမလဲ"
ကျန်းထိုက်ယုက အေးစက်နေသောမျက်နှာနှင့် တစ်လှမ်းချင်း လျှောက်လာသည်။ 

လွမ်ထန်ဟောက်နှင့် အခြားသူများလည်း ရောက်လာပြန်ကာ လုမင်တို့အား ဝိုင်းထားလိုက်၏။

သို့ရာတွင် လုမင်က သူတို့ကို မကြည့်ဘဲ တခြားဘက်သို့ ကြည့်နေသည်။

ထိုနေရာတွင် အနက်ရောင် သံမဏိစစ်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး ထွက်လာသည်။ ၎င်းက အေးစက်ကာ တင်းမာသော မျက်လုံးများဖြင့် လေထဲမှ လျှောက်လာခဲ့၏။

၎င်းကို ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခုက လွှမ်းခြုံထားပြီး သန်မာသော တိုက်ခိုက်ချင်စိတ်များလည်း ပြည့်နှက်နေတော့သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now