526 - 530

384 33 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 526 ) အခြေအနေကို ပြောင်းပြန်လှန်

"ဆုတ်၊ အမြန်ဆုတ်"
လုမင် အသည်းအသန် အနောက်ဆုတ်လိုက်သည်။

သူဟာ အသက်ဆုံးလောက်သော ဖိအားတစ်ခုကို ခံစားလာရ၏။

လက်ရှိတွင် သူ့ခန္ဓာကိုယ်ကလည်း ဒဏ်ရာရထားသောကြောင့် နဝမနဂါးခြေလှမ်းကိုပင် မသုံးနိုင်တော့ပေ။

နဝမနဂါးခြေလှမ်းကို အသုံးပြုလျှင် မိုးနှင့်မြေ၏ ဖိအားကြီးကြောင့် သူ့နှလုံးသားက ပေါက်ကွဲသွားနိုင်သည်။

ယခုလေးတင် ဤဓားချက်က သူ့နှလုံးသားကို ခွဲထုတ်လုနီး ဖြစ်သွားခဲ့သည် မဟုတ်ပါလား။

ထို့ကြောင့် ယခုအခါ ဤအတိုင်း ဆုတ်ပြေးရန်သာ ရှိတော့သည်။

"သတ်"
ရှန့်ယုဟာ ဓားနှင့်လူ တစ်သားတည်း ဖြစ်သွားဟန်ဖြင့် ဟိန်းဟောက်လိုက်သည်။ ရုတ်တရက် မီးလျှံဓားကြီးတစ်လက်ဟာ လုမင်ဦးခေါင်းကို ခုတ်ပိုင်းလာ၏။

လုမင်လည်း လှံရှည်ဖြင့် ပင့်မြှောက် ခုခံပေးလိုက်သည်။

"ဂျုန်း"
ကြောက်မက်ဖွယ် အသံတစ်ချက်ထွက်ပေါ်ကာ မြို့နတ်ဆိုးလှံက ကွေးညွတ်ကျသွား၏။ ထို့နောက်တွင် မြို့နတ်ဆိုးလှံက အပြင်းအထန် တုန်ခါသွားသောကြောင့် လုမင်ဟာ ဆုပ်ကိုင်မထားနိုင်တော့ပေ။

"ဝှစ်"
မြို့နတ်ဆိုးလှံက အဝေးသို့ လွင့်စဉ်သွားခဲ့သည်။

ထိုအခါ ဓားအလင်းက သူ့ဦးခေါင်းကို ဆက်လက် ခုတ်ပိုင်းလာခဲ့၏။

"ရပ်စမ်း"
လုမင်မျက်လုံးများ နီရဲလာကာ အစွမ်းကုန် ပေါက်ကွဲစေလိုက်သည်။

သူ့ဘယ်ဘက်လက်တွင် နဝမနဂါးသွေးမျိုးဆက်မှ စွမ်းအင်များ စီးဆင်းလာသည်။ ညာဘက်လက်တွင်မူ ဒုတိယသွေးမျိုးဆက်မှစွမ်းအားများ စီးဝင်လာ၏။

တချိန်တည်းမှာပင် တာအိုသန္ဓေသုံးမျိုးကို သူ့လက်များတွင် ပေါင်းစည်းလိုက်တော့သည်။

"ဒုန်း"
လုမင်က သူ့လက်ဗလာနှင့် ရှန့်ယုဓားကို ဖမ်းဆီးလိုက်သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now