421 - 425

380 31 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 421) နောက်ဆုံးအဆင့်

အခြားတစ်ဖက်တွင်ကား ကျောက်စွေမျက်နှာက မည်းမှောင်လာသည်မှာ မီးသွေးနီးပါးပင် ဖြစ်လာခဲ့ချေပြီ။

ယခုအချိန်ထိ ကောင်းကင်နတ်ဘုရား ဧရိယာ၌ မြစ်တစ်ထောင်ဧရိယာမှ လူတစ်ဝက်ပင် မတွေ့ရသေးပေ။

ယင်းက သူ့စိတ်ထဲရှိ ‌မကောင်းသော ခံစားချက်အား ပို၍ သန်မာလာစေသည်။

၎င်းက ပုံမှန်မဟုတ်ပေ။ လုံးဝ ပုံမှန် မဟုတ်ပါချေ။

မြစ်တစ်ထောင်ဒေသ၏ ပါရမီရှင်အားလုံး နောက်ဆုံးအဆင့်သို့ ရောက်ရှိကုန်ကြခြင်းပင်လော။

မဖြစ်နိုင်ပေ။ မြစ်တစ်ထောင်ဒေသ၏ အသန်မာဆုံး ပါရမီရှင်ပင် နောက်ဆုံးအဆင့်သို့ ရောက်သွားနိုင်ရန် မသေချာပေ။

ထို့ကြောင့် သူအလွန်စိုးရိမ်လာတော့သည်။

ကျောက်စွေကဲ့သို့ မြေအောက်နတ်ဆိုးခန်းမ၏ ခေါင်းဆောင်မှာလည်း မျက်နှာပျက်လာသည်။

အချိန်ကြာလာသည်နှင့်အမျှ ကောင်းကင်နတ်ဘုရား ဧရိယာသို့ ရောက်ရှိလာသူ လျော့နည်းလာခဲ့၏။

"အိုး၊ ကျောက်စွေ.. မင်းဘာလို့ မျက်နှာကြီး ရှုံ့မဲ့နေတာလဲဟ..။ စိတ်ရှည်ရှည် ထားစမ်းပါ..။ ငါ့အမြင်တော့ မင်းတို့ မြစ်တစ်ထောင်ဧရိယာရဲ့ ပါရမီရှင်တွေက နောက်ဆုံးအဆင့်ကို ရောက်သွားလောက်ပြီ..။ နောက်ဆုံးအဆင့်ကို အုပ်စုလိုက်ကြီး ရောက်သွားပြီးမှ ဘွားခနဲပေါ်လာရင် ပိုပြီး ဂုဏ်ယူစရာကောင်းမယ် မဟုတ်လား"
လူရှို့က ပြုံးလျက် ပြောလိုက်သည်။

"လူရှို့၊ မင်းပါးစပ်ပိတ်စမ်း"
ကျောက်စွေ မျက်လုံးများ နီရဲသွားခဲ့သည်။

လူရှို့က သူ့ကို လှောင်ပြောင်နေခြင်းသာ ဖြစ်၏။

နောက်ဆုံးအဆင့်အား ဘယ်လိုလုပ်ပြီး လူအများကြီး ရောက်ရှိနိုင်မည်နည်း။ တစ်ယောက်ဆိုလျှင်တောင် အကျယ်ကြီး အော်ရယ်လို့ရနေပြီ ဖြစ်သည်။

"ဟားဟားဟား.. စိတ်အေးအေးထားစမ်းပါ"
လူရှို့ ရယ်မောလိုက်၏။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now