ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 966 ) ဝမ့်ဖန်ထျန်းနှင့် တိုက်ခိုက်ခြင်း။ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် လူတိုင်း အံ့သြသွားကြသည်။
ရှေးဟောင်းကမ္မမြို့တော်၏ တိုက်ပွဲစင်မြင့်တွင် သေခြင်းရှင်ခြင်းတိုက်ပွဲကို သတ်မှတ်၍ရသည်။ သို့ရာတွင် သတ်မှတ်ပြီးသည်နှင့် နှစ်ဖက်စလုံးက သေသည်အထိ တိုက်ပွဲဝင်ကြရ၏။
တစ်ဖက်ဖက်က မသေသေးလျှင် တိုက်ပွဲပြီးမည် မဟုတ်ပေ၊ အရှုံးပေးခွင့်ပင် မရနိုင်ပါချေ။
ပုံမှန်အားဖြင့် နောက်ဆုံးတိုက်ပွဲမှာ နာရီဝက်သာ ကြာသည်။ နာရီဝက်ကြာသည်အထိ အနိုင်ရသူကို မဆုံးဖြတ်ပါက အနိုင်ရသူကို အလိုအလျောက် ဆုံးဖြတ်ပေလိမ့်မည်။
သို့ရာတွင် သေခြင်းရှင်ခြင်းတိုက်ပွဲကို သတ်မှတ်ပြီးသည်နှင့် အချိန်အကန့်အသတ်မရှိပါ။ ဤတိုက်ပွဲမျိုးတွင် တစ်ဖက်သေမှသာလျှင် ပြီးဆုံးမည် ဖြစ်သည်။
ထို့ကြောင့် သေခြင်းရှင်ခြင်းတိုက်ပွဲကို သတ်မှတ်ခြင်းဟာ လွတ်မြောက်လမ်းမရှိဟု ဆိုလိုသည်။ အနိုင်ရလျှင် ရှင်သန်နိုင်ပြီး ရှုံးနိမ့်သူက သေရမည် ဖြစ်သည်။ ဤတိုက်ပွဲတွင် အဓိပဓိနှင့် သိုင်းအုပ်ချုပ်သူများပင် ဝင်ရောက်စွက်ဖက်ခြင်းမပြုနိုင်ပါချေ။
သေခြင်းရှင်ခြင်းတိုက်ပွဲကို ချမှတ်ခြင်းမှာ မိမိကိုယ်ကို အလွန်ယုံကြည်မှ ဖြစ်နိုင်သည်။
သို့ဆိုလျှင် ဝမ့်ဖန်ထျန်းက သဘောတူမည်လော။
လူတိုင်း၏မျက်လုံးများက ဝမ့်ဖန်ထျန်းကို စူးစိုက်ကြည့်လိုက်သည်။
ထိုအချိန်တွင် ဝမ့်ဖန်ထျန်း၏ မျက်လုံးများသည် မသေချာတော့ပါ။ သူဟာ လုမင်အား ထွင်းဖောက်မြင်လိုဟန်ဖြင့် စိုက်ကြည့်လိုက်သည်။
လုမင်က ဟန်ဆောင်နေသလော၊ သို့တည်းမဟုတ် အမှန်တကယ် သန်မာနေသလော။ သူနှင့် သေခြင်းရှင်ခြင်းတိုက်ပွဲကို စိန်ခေါ်ရအောင် အမှန်တကယ် ဝံ့ရဲနေသလော။
YOU ARE READING
ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1
Adventureမူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟွမ် မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ထာဝရ လူငယ်လေးလုမင်ဟာ သွေးကြောလုယူခြင်းခံရပြီး အသ...