256 - 260

423 39 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 256 ) နေခြောက်စင်း၏ အပြောင်းအလဲ

ထိုဓားချက်က ကောင်းကင်ကိုပင် ခွဲခြမ်းနိုင်ပုံရလေ၏။ ၎င်း၏ ကြောက်မက်ဖွယ်စွမ်းအားဟာ အားလုံးကို တုန်ခါစေပါသည်။

ဖုန်းဝူကျိကလည်း ဟိန်းဟောက်ကာ ဓားချက် ပြန်လည်ထုတ်ဖော်လေ၏။

"ဝုန်း"
ထိုအခါ ကြောက်မက်ဖွယ် စွမ်းအင်အတက်အကျတွေ ထွက်ပေါ်လာခဲ့ပါသည်။ သန်မာလှသော ဓားစွမ်းအင်တွေအောက်မှာ လေထုပင် တုန်ခါနေရ၏။

ထို့နောက်မှာတော့ ဖုန်းဝူကျိဟာ တုန်ရီနေသော ခန္ဓာကိုယ်ဖြင့် အနောက်ဆုတ်သွားကာ သွေးတွေအန်ထွက်နေတော့သည်။

"ဖုန်းဝူကျိ ဒဏ်ရာရသွားပြီဟေ့… သူရှုံးပြီ"

ရုတ်တရက် နေတောင်ထိပ်ပတ်ပတ်လည်မှာ  အံ့အားသင့်စွာ ပြောဆိုလိုက်သံတွေ ထွက်ပေါ်လာ၏။

လူအများက စိတ်လှုပ်ရှားစွာ ရေရွှတ်ပြောဆိုနေကြတော့သည်။

ဖုန်းဝူကျိက ကွမ်ဟုန်ကို ရှုံးနိမ့်သွားခဲ့ချေပြီ။

"ရှီဖန်းဓားဂိုဏ်းက သန်မာလှချေလား… ချိုးကန်ခုန်းတစ်ဦးသာ အစွမ်းထက်တယ်ထင်တာ… ကွမ်ဟုန်ကလည်း အရမ်းသန်မာတာပဲ"

"နေအင်ပါယာရဲ့ နံပါတ်တစ်ဂိုဏ်းဆိုတဲ့အတိုင်း နာမည်နဲ့ လိုက်ဖက်ပါပေတယ်… အနာဂါတ်မှာ ရှီဖန်းဓားဂိုဏ်းက အစွမ်းထက်ဆုံးဖြစ်လာလိမ့်မယ်"

လူအများက သက်ပြင်းချလိုက်ကြသည်။

"ဖုန်းဝူကျိ… မင်းက ဒါပဲလားကွ"
ကွမ်ဟုန်က လေထဲမှာရပ်နေပြီး ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။

ဖုန်းဝူကျိ၏ မျက်နှာက သုန်မှုန်သွားသော်လည်း သက်ပြင်းချကာ ပြောလိုက်ပါသည်။
"ကွမ်ဟုန်… မင်းရဲ့တာအိုက ကြီးမားသော အောင်မြင်ခြင်းနယ်ပယ်ကို ရောက်သွားခဲ့ပြီပဲ… ငါရှုံးသွားတာ မဆန်းပါဘူး"

ကွမ်ဟုန်က ဂုဏ်ယူစွာပြုံးပြီး ပြောလိုက်သည်။
"ဖုန်းဝူကျိ… ငါ့အမြင်တော့ နေအင်ပါယာမှာ ဆနခြောက်စင်းရှိပေမယ့် မင်းက ငါ့ကိုတောင်မှ မယှဉ်နိုင်တာ… အနာဂါတ်မှာ နေငါးစင်းလို့ပဲ ပြောင်းရတော့မှာပဲ"

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now