816 - 820

336 33 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 816 ) ဝိညာဉ်စုစည်းကျောက်တုံး။

ဝမ့်ဟောက်ရှန်းအရှေ့တွက် ထွက်ပေါ်လာသူက သဘာဝအတိုင်း လုမင် ဖြစ်သည်။

သို့သော်လည်း ယခုအချိန်တွင် လုမင်၏ ခန္ဓာကိုယ်က ခါတိုင်းထက် အရပ်ပိုရှည်ပြီး ပို့တောင့်တင်းသည်။ သူ့အရေပြားတွင်လည်း ထူထပ်သော အကြေးခွံများဖြင့် ဖုံးလွှမ်းနေကာ အရှိန်အဝါက ပြင်းထန်လွန်း၏။

ဝမ့်ဟောက်ရှန်းက အခြားဘက်သို့ လှမ်းကြည့်လိုက်ရာ သားရဲသုံးကောင်စလုံး လုမင် သတ်ဖြတ်ခံခဲ့ရကြောင်း တွေ့မြင်လိုက်ရသည်။

"ဂီး"
ယင်ဂဠုန်က အော်ဟစ်ပြီး လုမင်ထံသို့ ပျံသန်းလာသည်။

"သတ်"
လုမင်က ခြေတစ်ချက်လှမ်းပြီး ယင်ဂဠုန်၏အတောင်ကို လက်သီးဖြင့် ထိုးချလိုက်သည်။

"ဂီး"
ယင်ဂဠုန်ထံမှ နာကျင်စွာ အော်ဟစ်လိုက်သံ ထွက်လာခဲ့၏။ ၎င်း၏ အတောင်တစ်ဖက်မှာလည်း လုမင်လက်သီးချက်ကြောင့် ပုံပျက်ကာ အရိုးများကျိုးပဲ့သွားတော့သည်။

ယင်ဂဠုန်၏ နီရဲနေသောမျက်လုံးများတွင် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာသည်။ ထို့‌နောက် အတောင်ပံကိုခတ်ကာ အမှန်တကယ် လှည့်ထွက်ပြေးသွား၏။
 
"ပြေးချင်တာလား"
လုမင်က ခြေတစ်ချက်လှမ်းပြီး ယင်ဂဠုန်အနောက်သို့ လိုက်သွားသည်။

သူက ခြေတစ်ချက်ကန်ထုတ်လိုက်ရာ ယင်ဂဠုန်နောက်ကျောကို ထိမှန်သွားခဲ့သည်။ ယင်ဂဠုန်လည်း အော်ဟစ်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။ ထိုစဉ် လှံရှည်က လုမင်လက်တွင် ပေါ်လာခဲ့ပြီး ယင်ဂဠုန်၏နှလုံးသားကို ထိုးဖောက်သွားတော့သည်။

ယင်းကိုမြင်တော့ ဝမ့်ဟောက်ရှန်း အံ့ဩသွားခဲ့သည်။

ရွှေတောင်ပံ ဂဠုန်ငှက် သွေးမျိုးဆက်ရှိသော ယင်ဂဠုန်လည်း လုမင်လက်တွင် အမှန်တကယ် သေဆုံးခဲ့ရပြီ ဖြစ်သည်။ ထို့ပြင် ထိုယင်ဂဠုန်ငှက်က ယခုလေးတင် သူမကို သတ်ဖြတ်လုနီး ဖြစ်ခဲ့ပါသေးသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now