876 - 880

341 33 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 876 ) ပုံစံ ရှာဖွေခြင်း။

ကျောက်စိမ်းနံရံတွင် ကမ္ပည်းစာများ ထွန်းလင်းတောက်ပနေသည်က သိသာထင်ရှားလွန်းလှသည်။ ကျောက်စိမ်းနံရံတစ်ခုလုံးကို ကမ္ပည်းများဖြင့် ဖုံးအုပ်ထားသည်ကိုပင် တွေ့မြင်နိုင်ကြ၏။
   
ထိုအချိန်တွင် ကျောက်စိမ်းဖြူရင်ပြင်၌ လူများဖြင့် စည်ကားနေခဲ့ပြီ ဖြစ်သည်။

ဖူရုပ်သေးဂိုဏ်းမှ မရေမတွက်နိုင်သော ပါရမီရှင်ငယ်များအားလုံး ဤနေရာသို့ ရောက်လာခဲ့လေပြီ။

လူငယ်များသာမက အကြီးအကဲ အများအပြားသည်ပင် ပြိုင်ပွဲကို ကြည့်ရှုရန် လာရောက်ခဲ့ကြသည်။

"ကြည့်ကြစမ်း၊ ထျန်းယွမ်ရောက်လာပြီ"
   
"သူတကယ်လာဝံ့တယ်ဟ၊ ပါရမီရှင် တော်တော်များများက သူ့ကို အလွတ်ပေးမှာမဟုတ်ဘူး၊ နောက်ပြီး ဒီတစ်ခါက သိုင်းပညာကို သုံးလို့မရဘူး"

"ဒီကောင်ရဲ့ ကမ္ပည်းပညာက ဘယ်လောက်ထိ သန်မာမယ်ဆိုတာ ကြည့်ကြသေးတာပေါ့၊ သူ့မှာ စွမ်းရည်မရှိရင်တော့ ဂိုဏ်းချုပ်ငယ် ကိုယ်စားလှယ်လောင်းနေရာမှာ ထိုင်နေလို့မရဘူး"

လုမင် ရောက်လာသည်နှင့် အကြည့်အများစုက သူ့ထံ ကျဆင်းလာသည်။
   
"ထျန်းယွမ်၊ မင်းရဲ့ ကမ္ပည်းစွမ်းရည်က ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်တယ်"
ရှရီက ရောက်လာသောအခါ လုမင်ကို အေးစက်စက်ဖြင့် စိုက်ကြည့်လိုက်သည်။

နောက်ဆုံးအကြိမ် ဖြစ်ပျက်ခဲ့တာက သူ့အဖို့ ရှက်စရာကောင်းလွန်းလှပေသည်။

"ဟုတ်တယ် လုမင်၊ မင်းငါ့ကိုစိတ်ပျက်စေဖို့ မျှော်လင့်တယ်"
ကွမ်ရုံကလည်း လုမင်ကို ဒေါသအကြည့်များဖြင့် ကြည့်သည်။
  
တစ်ချိန်တည်းမှာပင်၊ နောက်ဆုံးအကြိမ်က လုမင်၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသော ပါရမီရှင်များကလည်း လုမင်အား အစိမ်းလိုက်ဝါးစားရန် စောင့်နိုင်သကဲ့သို့ ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်ကြသည်။

"မင်းတို့ ထပ်ပြီးအရိုက်ခံချင်လို့လား"
လုမင်က ပါရမီရှင်များကို အေးစက်စက်ဖြင့်စိုက်ကြည့်ကာ မျက်နှာဖြူရော်သွားစေခဲ့၏။ ထို့နောက်တော့ အေးစက်စက်ဖြင့် နှာခေါင်းရှုံ့ကာ ဆက်လျှောက်သွားတော့သည်။
   
ကောင်းကင်မှာတော့ ပါရမီရှင်များ ရံဖန်ရံခါ ပျံသန်းရောက်လာသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now