601 - 605

353 42 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 601 ) သုံးကွက်တည်းနဲ့ ဖိနှိပ်မယ်

လူကြီးနှစ်ယောက် မျက်နှာအမူအရာပြောင်းလဲကာ တုန်လှုပ်သွားခဲ့ကြသည်။

"ဒူးထောက်"
လူထွားကြီးနှစ်ယောက်က ထပ်မံ ဟိန်းဟောက်လိုက်ကြသည်။ တချိန်တည်းမှာပင် သွေးအလင်းများ ဖြာထွက်လာကာ သွေးမျိုးဆက်ကို ပေါက်ကွဲစေလိုက်၏။

၎င်းတို့က တာအိုစွမ်းအားများကိုပါ ပေါင်းစည်းကာ လုမင်အား ထပ်မံဖိနှိပ်ပြန်တော့သည်။

သို့သော်လည်း လုမင်က လုံးဝ မလှုပ်ရှားသေးပါ။

လူထွားကြီးနှစ်ယောက် ပိုမို ထိတ်လန့်လာကြသည်။

လူအများစုလည်း မျက်နှာအမူအရာ ပြောင်းလဲကုန်ကြ၏။

"သူတို့နှစ်ယောက် ဘာလုပ်နေကြတာပါလိမ့်..၊ ကစားနေကြတာများလား"
မူကျန်းက ပေါ့ပေါ့ပါးပါး ပြုံး၍ ‌တစ်ယောက်တည်းရေရွတ်ဟန်ပြုရင်း မူရီကို လှမ်းကြည့်လိုက်သည်။

မူရီမျက်နှာ သုန်မှုန်သွား၏။

"စိတ်ဝင်စားစရာပဲ"
မူထျန်းက အပြောင်းအလဲမရှိသော မျက်နှာနှင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"ဒီခွေးကောင်လေး"
ရှန့်ရှင်းချန်အမေက အံကြိတ်လိုက်ကာ မျက်နှာကလည်း ပိုအေးစက်သွားသည်။

ရှန့်ယောက်နှင့် အခြားသူများလည်း အနည်းငယ် ထိတ်လန့်သွားကြ၏။

"ရှန့်ရှင်းချန်... ဒါက မင်းနဲ့ငါကြားက တိုက်ပွဲပဲ"
လုမင်က ရှန့်ရှင်းချန်ကို အထင်အမြင်သေးဟန်ဖြင့် ကြည့်လိုက်သည်။

"ငါ့ကိုတိုက်ခိုက်စေချင်ရင် မင်းမှာအရည်အချင်းရှိဖို့လိုတယ်"
ရှန့်ရှင်းချန်က တည်ငြိမ်စွာပင်ပြောသည်။

"တကယ်လား"
လုမင် ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ ထို့နောက် အစစ်အမှန်ယွမ်ချီကို ပေါက်ကွဲစေကာ လက်ကိုဝှေ့ယမ်းလိုက်၏။

"ဝုန်း"
ချက်ချင်းပင် လူကြီးနှစ်ယောက်က အချင်းချင်း ပြန်ကိုင်ဆောင့်ခံလိုက်ရတော့သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now