321 - 325

398 33 0
                                    


ထာဝရနဂါးတန်ခိုးရှင် (လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 321 ) မိုရင်ကို ကုသရန်

လုမင်ဟာ အားကုန်သုံး၍ ကမ်းပေါ်ကိုတော့ တက်နိုင်ခဲ့ပေသည်။ သို့သော် သူ့အင်အားတွေက လုံးဝမရှိတော့ဘဲ အချိန်မရွေး သတိလစ်တော့မလို ဖြစ်နေတော့သည်။

သို့သော် ထိုအချိန်မှာပင် မိုရင်နှင့်အခြားသူတွေလာနေတာကို မြင်လိုက်ရ၏။

မိုရင့်ကို မြင်လိုက်ရချိန်တွင် ဘာကြောင့်မှန်းမသိသော်လည်း နဝမနဂါးသွေးမျိုးဆက်က တုန်ခါသွားခဲ့သည်။ ထို့အတူ လုမင်ဟာ မို့ရင်ခန္ဓာကိုယ်အတွင်းရှိ ကျင့်ကြံခြင်းကိုလည်း ရှင်းလင်းစွာ ခံစားလိုက်ရ၏။

မိုရင်၏ သွေးမျိုးဆက်က နဂါးတွေနှင့် တစ်နည်းတစ်ဖုံပတ်သတ်နေပုံ ရပေသည်။

တစ်ချိန်တည်းမှာပင် သူဟာ မိုရင့်ခန္ဓာကိုယ်ထဲမှ အရှိန်အဝါနှစ်မျိုးကို ခံစားလိုက်ရသည်။ ထို့ကြောင့် သူသတိမလစ်ခင်မှာ မိုရင့်အာရုံကို ဆွဲဆောင်ရန် ထိုစကားတွေကို အော်ပြောလိုက်ခြင်းဖြစ်ပေသည်။ မိုရင်သာ သူခံစားရသည့်အတိုင်းမှန်လျှင် သူ့ကို မကယ်ဘဲနေမည် မဟုတ်ပါချေ။

ယခုတော့ သူခန့်မှန်းတာ မှန်သွားခဲ့ပုံရ၏။ မိုရင်က သူ့ကို လျစ်လျူရှုမထားတော့ပေ။

"မိုရင်… ဒီလူက ချီစွမ်းအင် အတက်အကျတောင် မရှိတဲ့ သာမန်လူတစ်ယောက်ပဲလေ…။ သူက ပုရွက်ဆိတ်ဆိုတာ သိသာနေတာကို၊ နင်က ဘာလို့ကယ်ချင်တာလဲ…။ စုထျန်းမြို့တော်ကို အမြန်သွားကြရအောင်…။ မဟုတ်လို့ မင်းသားလေးကို အကြာကြီးစောင့်နေခိုင်းမိရင် နင်ရော ငါပါ ရှင်းပြလို့မရနိုင်ဘူး"
ထိုစဉ် လူငယ်က လုမင်ကိုငုံ့ကြည့်ကာ ပြောလိုက်သည်။

"မိုပင်း"
မိန်းကလေး၏ မျက်နှာပေါ်ဝယ် မနှစ်မြို့သော အရိပ်ယောင်တွေ ဖြစ်ပေါ်လာ၏။ သူက အေးစက်စက်ဖြင့် အော်ဟစ်လိုက်သည်။
"နင်သွားချင်သပဆိုရင်လည်း နင့်ဘာသာ အရင်သွားသင့်တယ်…။ နောက်ပြီး ငါပြန်နေတာကလည်း သူ့ကိုတွေ့ချင်လွန်းလို့ မဟုတ်ဘူးနော်…။ နောက်ပြီး နင်ပြန်ရောက်ရင်တောင် ဘယ်သူ့ကိုမှ ရှင်းပြစရာမလိုဘူး..။ နင်အရမ်းရှင်းချင်နေရင် နင့်ကိုယ်နင်ပဲ ပြန်ရှင်းပြလိုက်"

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1حيث تعيش القصص. اكتشف الآن