ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 511 ) မူလန်ဖခင်၏ အနေအထားအမှန်သုံးရောင်ခြယ်နဂါးကြီးက အပြာရောင်ဓားအလင်းကို ပြေးဝင် တိုက်ခိုက်လိုက်သည်။
"ဝုန်း"
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ရောင်စုံစွမ်းအင်များ ပတ်ဝန်းကျင်သို့ ဖြာထွက်လာခဲ့၏။"မကောင်းတော့ဘူး.. ဆုတ်ကြ"
ကြည့်ရှူနေသူအားလုံး ထိတ်လန့်တကြားနှင့် အနောက်ဆုတ်လိုက်ကြသည်။ထိုစွမ်းအင်များဟာ မြေပြင်ကို ပေါက်ကွဲသွားစေခဲ့၏။ သို့ရာတွင် မြေပြင်၌ မှော်သင်္ကေတများလင်းလက်လာကာ မူလအတိုင်း ပြန်ဖြစ်သွားတော့သည်။
"ချိုးဖြတ်လော့"
ရှန့်ကျန်း ဟိန်းဟောက်လိုက်သည်။ ထိုအခါ သူ့အရှိန်အဝါက ပိုသန်မာကာ မိုးပြာရောင် ဓားအလင်းကလည်း ပိုမို ကြောက်စရာကောင်းလာခဲ့၏။ဓားအလင်းက သုံးရောင်ခြယ်နဂါးကြီးကို ထက်ခြမ်းခွဲကာ လုမင်ထံသို့ ဆက်ဝင်လာတော့သည်။
လုမင်လည်း လှံရှည်ကို သူ့ရှေ့တွင် ကန့်လန့်ခံပေးလိုက်သည်။
"ဝုန်း"
ဓားအလင်းဟာ လှံရှည်ပေါ်သို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာသည်။လုမင်ဟာ လှံရှည်ပေါ်သို့ကျဆင်းလာသော အင်အားကြီးကို ခံစားရပြီး အနောက်ဘက်သို့ လွင့်စဉ်သွားခဲ့၏။
သူဟာ မီတာတစ်ရာအထိ လွင့်စဉ်သွားပြီးမှ မြေပြင်သို့ ပြန်လည်ကျဆင်းလာတော့သည်။ သို့တိုင် သူဟာ ခုနစ်လှမ်းခန့် ဆုတ်ပေးလိုက်ရသေး၏။ ခြေတစ်လှမ်းစီက မြေပြင်တွင် တဒုန်းဒုန်းအသံများ ဖြစ်ပေါ်လာစေခဲ့ပေသည်။
'ဘုရင်ငယ်ဆိုတဲ့အတိုင်း တကယ်အစွမ်းထက်တာပဲ'
လုမင်ဟာ ထိုဓားချက်ကြောင့် သွေးအန်လုနီးဖြစ်သွားရသည်။အဆင့်သုံးသိုင်းဘုရင်နှင့် အဆင့်လေး သိုင်းဘုရင်ဆိုလျှင်ပင် အဆင့်နှစ်ဆင့်ခြားသကဲ့သို့ ကွာဟမှုရှိသည်။
လုမင်ဟာ လက်ရှိတွင် အဆင့်နှစ်သိုင်းဘုရင် အထွတ်အထိပ်သာ ရှိသေး၏။ သူ၏ တိုက်ခိုက်နိုင်စွမ်းနှင့် အဆင့်သုံးအထွတ်အထိပ် သိုင်းဘုရင်ကို သတ်ဖြတ်ပစ်ရန် မခက်ခဲပေ။ သို့ရာတွင် အဆင့်လေးသိုင်းဘုရင် ဘုရင်ငယ်နှင့်ဆိုလျှင်တော့ ကွာဟမှုက ကြီးလှသည်။
YOU ARE READING
ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1
Adventureမူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟွမ် မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ထာဝရ လူငယ်လေးလုမင်ဟာ သွေးကြောလုယူခြင်းခံရပြီး အသ...