201 - 205

439 36 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 201 ) ရန်စ

"မင်းသား… ဒီကောင်လေးလား"
ဟွာကျဲဘေးနားရှိ အရပ်ရှည်ရှည်နှင့်လူငယ်က လုမင်ကို ပြင်းပြင်းထန်ထန်စိုက်ကြည့်လိုက်သည်။

"အဲဒီကောင် ပြာကျသွားရင်တောင် မေ့မှာမဟုတ်ဘူး"
ဟွာကျဲက အံကြိတ်ကာ ပြောလိုက်သည်။

"ဟီးဟီး… မင်းသားလေး သူ့ကို ဘယ်လိုသင်ခန်းစာပေးချင်တာလဲ… ကျုပ် ခင်ဗျားပြောတဲ့အတိုင်း လုပ်ပေးမယ်"
ချန်ရှုံးက အရှေ့တိုး၍ လုမင်ကို ရယ်မောကာ ကြည့်လိုက်ပါသည်။

"ဒါက ခင်ဗျားအပေါ်မူတည်တယ်… အရင်ဆုံး သူ့ရဲ့ လက်တွေ၊ခြေတွေကို အရင်ဖြတ်လိုက်…  ကျန်တာကတော့ ခင်ဗျားစိတ်တိုင်းကျပဲ"
ဟွာကျဲက လေးနက်စွာပြောလိုက်သည်။

"ကောင်းပြီလေ… ကျုပ် သူ့အမေတောင် မမှတ်မိတော့အောင် လုပ်ပြမယ်"
ချန်ရှုံးက ရယ်မောလိုက်ပါသည်။ ထို့နောက် သူ့ဆီကနေ သန်မာသောအရှိန်အဝါတွေ ထွက်ပေါ်လာ၏။

အဆင့်လေး သိုင်းဆရာသခင် အထွတ်အထိပ်။

ယင်းကိုမြင်ပြီးနောက် လုမင်၏နှုတ်ခမ်းတွေက လှောင်ပြောင်သရော်ဟန်ဖြင့် တွန့်ကွေးသွားခဲ့လေသည်။ ထိုလူက သိုင်းဆရာသခင် အဆင့်လေး အထွတ်အထိပ်နှင့် သူ့အရှေ့မှာ မောက်မာဝံ့ချေသည်။

"ချန်ရှုံး… ဒါက ကြယ်တာရာခန်းမနော်… မဆင်မခြင်မလုပ်နဲ့"
မင်ကျူး၏ မျက်နှာအမူအရာက လေးနက်သွားကာ အရှေ့ကိုတိုးလိုက်သည်။

"အို့… ဒါက ပုလဲအလှလေးမဟုတ်လား… နင်ဘာလို့ သူ့ကို ကူညီနေတာလဲမသိပေမယ့် ငါ့ကို တားဆီးနိုင်မှာ မဟုတ်ဘူးနော်… အခုချက်ချင်း ငါ့အရှေ့ကထွက်သွားမယ်ဆိုရင် ခွင့်လွှတ်ပေးလိုက်မယ်"
ချန်ရှုံးက ကြိမ်းမောင်းလိုက်သည်။

ထိုအခါ မင်ကျူး၏မျက်မှာအမူအရာက ပြောင်းလဲသွားကာ အကြည့်ရဆိုးသွားခဲ့ပါသည်။

"မောက်မာလှချေလားကွ"
မင်ကျူး၏ မျက်နှာအမူအရာကိုမြင်ပြီးနောက် မင်ဖုန်းက ဒေါသတကြီး အော်ဟစ်လိုက်ပါသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Nơi câu chuyện tồn tại. Hãy khám phá bây giờ