ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်းစာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ - ကိုခန့်
အပိုင်း ( 41 ) အဆင့်သုံးသိုင်းခင်နှင့် တိုက်ခိုက်ခြင်း"လုမင် သတိထား!"
ဖုန်းဝူ အော်ဟစ်လိုက်သည်။ ယွမ်လန်၏ ကျင့်ကြံခြင်းအခြေခံက သိုင်းသခင်အဆင့်သုံးဖြစ်ပြီး ယင်းက သိုင်းသခင်အဆင့်တစ်ထက် များစွာသာလွန်၏။ ထို့ကြောင့် သူမက လုမင် တစ်ခုခုဖြစ်သွားမှာ စိုးရိမ်ပါသည်။"မီးနဂါးလက်သီး!"
လုမင်က မရှောင်တိမ်းပဲ လက်သီးနှင့်ပြန်ထိုးလိုက်ပါသည်။ဝုန်း!
လုမင်ရဲ့ လက်သီးနှင့် ယွမ်လန်၏ လက်သည်းကုပ်ချက်က ထိပ်တိုက်တွေ့ဆုံပြီး ကျယ်လောင်သောပေါက်ကွဲသံနှင့်အတူ စွမ်းအင်လှိုင်းတွေက ဖြာထွက်လာခဲ့သည်။ ထို့အတူ သူတို့နှစ်ဦးလုံး အနောက်ကို ခြေနှစ်လှမ်းစီ ဆုတ်လိုက်ရ၏။ထိပ်တိုက်ရင်ဆိုင်မှုတွင် လက်ရည်တူနေပါသည်။
"တတိယအဆင့် သိုင်းသခင်က တစ်ကယ်သန်မာတာပဲ!"
လုမင်ရဲ့ မျက်လုံးတွေက အရောင်တစ်ချက်လက်သွားပြီး တွေးလိုက်မိသည်။သိုင်းသခင်နယ်ပယ်တွင် အဆင့်တစ်ဆင့်စီကြားမှာ ကွာဟမှုက အလွန်ကြီးမားလေ၏။ ယင်းက ကျော်ဖြတ်ဖို့ရာ ခက်ခဲပြီး သိုင်းစစ်သည်နယ်ပယ်နှင့် မနှိုင်းယှဉ်သာပါချေ။
ဥပမာအားဖြင့် လုမင် သိုင်းစစ်သည်နယ်ပယ် အဆင့်ခြောက်တွင်ရှိစဉ်က နတ်ဘုရားသွေးကြောသုံးခုကိုဖွင့်လှစ်ထားခြင်း၊ အစစ်အမှန်နဂါး တိုက်ခိုက်ရေးနှင့် အစစ်အမှန်ချီပညာရပ်ကြောင့် သာမန်ထက်နှစ်ဆပိုထူထဲသော ကျန်းချီ… စစ်သည်တို့ဖြင့် သူ့ထက် အဆင့်သုံးဆင့်ပိုမြင့်သော အဆင့်ကိုး သိုင်းစစ်သည်များကိုပင် အလွယ်တိုက်ခိုက်နိုင်ပါသည်။
သို့သော် သိုင်းသခင်နယ်ပယ်တွင်မူ ထိုသို့ မဖြစ်နိုင်တော့ပါချေ။
နတ်ဘုရားသွေးကြောသုံးခုဟာ သိုင်းစစ်သည်နယ်ပယ်တွင် အကျိုးသက်ရောက်မှု ကြီးမားသလောက် သိုင်းသခင်နယ်ပယ်တွင်မူ အသုံးသိပ်မဝင်တော့ပေ။
နတ်ဘုရားသွေးကြော သုံးခုဟာ ပင်ကိုယ်ပါရမီနှင့် စွမ်းရည်ကို ဖော်ပြနိုင်ခြင်းသာ ရှိပေတော့သည်။
YOU ARE READING
ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1
Adventureမူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟွမ် မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ထာဝရ လူငယ်လေးလုမင်ဟာ သွေးကြောလုယူခြင်းခံရပြီး အသ...