576 - 580

370 38 0
                                    


ထာဝရနဂါးတန်ခိုးရှင် (လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 576 ) သရီးအိုင်းသတ္တဝါများ

သုံးရောင်ခြယ်နဂါးကြီး ပျက်ဆီးသွားကာ လုမင်လည်း မီတာတစ်ထောင်ခန့်အထိ လွင့်စဉ်သွားရသည်။ တချိန်တည်းမှာပင် သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရ၏။

'တကယ်သန်မာတဲ့စွမ်းအားပဲ..။ ဒီနဂါး အသက်ရှိချိန်က ဝိညာဉ်ပင်လယ် အထွတ်အထိပ်မှာရှိခဲ့တာ သေချာတယ်'
လုမင် နှုတ်ခမ်းထောင့်မှသွေးကိုသုတ်ပြီး နဂါးအလောင်းကို အေးစက်စက်ဖြင့် ကြည့်လိုက်သည်။

နဂိုကတည်းက ဤနဂါးအလောင်းဟာ အလွန်အစွမ်းထက်ပြီး ဓား၊ လှံများ တိုးမပေါက်နိုင်ပေ။ ဤအခြေအနေတွင် အဆင့်ကိုးသိုင်းဘုရင် အလောင်းစောင့်သုံးဦးက ထိန်းချုပ်လိုက်သောအခါ ဘုရင်အထွတ်အထိပ်ခွန်အားကို ရောက်ရှိသွားနိုင်စေတော့၏။

ရှေးဟောင်းပျက်ဆီးခြင်းမြို့တွင်လည်း ဘုရင်ကြီးတစ်ဒါဇင်ကျော်က ထိန်းချုပ်သောအခါ ဝိညာဉ်ပင်လယ်နယ်ပယ်သို့ပင် ရောက်ရှိလုနီး ဖြစ်ခဲ့ရပေသည်။

ဤသန့်စင်အလောင်းမျိုးဟာ ထိန်းချုပ်သူအားကောင်းလေ၊ ပိုသန်မာလေပင် ဖြစ်သည်။

"သန်မာလှချေလား"
နဂါးအလောင်းပေါ်မှ အလောင်းစောင့်သုံးဦးလည်း ထိတ်လန့်သွားကြ၏။

"သတ်"
အလောင်းစောင့်အဘိုးကြီးလည်း ဟိန်းဟောက်ကာ နဂါးအလောင်းကိုထိန်းချုပ်ရင်း လုမင်ကို ဆက်လက်တိုက်ခိုက်လိုက်တော့သည်။

"ငါ့ကို ဒီခွန်အားနဲ့ ရိုက်နိုင်မယ်ထင်နေတာလား"
လုမင် အေးစက်စက်ဖြင့်ပြုံးကာ တခြားအလောင်းစောင့်များထံ ပြေးဝင်သွားသည်။

လုမင်လည်း နဝမနဂါးသွေးမျိုးဆက်ကို ထုတ်ဖော်ကာ ဝါးမြိုခြင်းစွမ်းရည်များကို ထုတ်ဖော်လိုက်၏။ ထိုအခါမှာတော့ အလောင်းစောင့်အားလုံး သွေးအဆီအနှစ်များဆုံးရှုံးကာ နေရာတွင် လဲကျသေဆုံးကုန်တော့သည်။

"သေစမ်း"
အလောင်းစောင့်သုံးဦးလည်း နဂါး‌အလောင်းကိုထိန်းချုပ်ကာ လုမင်ကို အသည်းအသန် လိုက်လံတိုက်ခိုက်လိုက်သည်။ သို့သော်လည်း လုမင်အမြန်နှုန်းကို လိုက်မမှီပေ။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now