556 - 560

358 30 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 556 ) တိုက်ပွဲကြီးတစ်ခု စတင်ပြီ

သို့သော် ရွှမ်လုံက အလျင်အမြန်လှုပ်ရှားကာ ရွှမ်ယွမ်အရှေ့တွင် ရပ်လိုက်သည်။

"ညီငယ်လုမင်က ရွှမ်ကျုံးကို အကြောင်းပြချက်မရှိဘဲ တိုက်ခိုက်မှာမဟုတ်ဘူးဆိုတာ ကျုပ်ယုံတယ်... ဘာဖြစ်တယ်ဆိုတာ အရင်နားထောင်ကြည့်ပြီး အဖြေရှာတာပေါ့"
ရွှမ်လုံ ပြောလိုက်သည်။

"ဂိုဏ်းချုပ်"
ရွှမ်ယွမ် အနည်းငယ်စိုးရိမ်သွား၏။

"တော်ပြီ... ထပ်ပြောစရာမလိုတော့ဘူး"
ရွှမ်လုံ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ရွှမ်ယွမ်မျက်လုံးများက ပိုသုန်မှုန်လာသည်။ ရွှမ်လုံက ကာကွယ်မည်ဆိုလျှင် လုမင် သတ်နိုင်မည်မဟုတ်ကြောင်း သူသိ၏။

ရွှမ်ယွမ်က အကြီးအကဲတစ်ယောက်ကို တိတ်တဆိတ် မျက်စပစ်၍ အချက်ပေးလိုက်သည်။ ထိုအခါ ယင်းအကြီးအကဲလည်း တိတ်တဆိတ် အနောက်လှည့်ထွက်ကာ ပျောက်ကွယ်သွား၏။ ယင်းကိုတော့ တခြားသူများက သတိမပြုမိတော့ပေ။

"ညီငယ်လုမင်၊ ဘယ်လိုဖြစ်တာလဲ"
ရွှမ်လုံက လုမင်ကို လှမ်းကြည့်ကာ မေးလိုက်သည်။

"ဟုတ်တယ် သခင်လုမင်... ရွှမ်ကျုံးနဲ့ ဘယ်လိုဖြစ်တာလဲ"
ရွှမ်ရှန်းကလည်း ဝင်မေးလိုက်၏။

"ဂိုဏ်းချုပ်ရွှမ်... ကျုပ်ဂိုဏ်းက ပြန်ထွက်လာခဲ့ပေမဲ့ မိုင်သောင်းဂဏန်းအကွာကိုရောက်တော့ ရွှမ်ကျုံးနဲ့တွေ့တယ်..။ သူနဲ့ သူ့စီနီယာအကိုပါလိုက်လာပြီး ကျုပ်ကို သတ်ဖြတ်ကြတာ"
လုမင် ပြောလိုက်သည်။

"ဘာကွ..။ ရွမ်ကျုံး... မင်း အတင့်ရဲလှချေလား"
ယင်းကိုကြားတော့ ရွှမ်လုံ ‌ဟိန်းဟောက်လိုက်သည်။

"ရွှမ်ကျုံး၊ နင်... နင်တကယ်ကြီး ဒီလိုမျိုးတွေလုပ်..."
ရွှမ်ရှန်းလည်း ရွှမ်ကျုံးကို စိတ်ပျက်ဟန်ဖြင့် ကြည့်လိုက်၏။

ရွှမ်ကျုံးက ခေါင်းကြီး အောက်ငုံ့နေကာ ဘာမျှမပြောပေ။

"မဟုတ်တာမပြောနဲ့... ခွေးမသား..။ မင်းသတ်ချင်လို့ လိုက်သတ်တာ အသိသာ..."
ရွှမ်ယွမ် အေးစက်စက်ဖြင့် အော်ဟစ်လိုက်သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now