841 - 845

286 26 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 841 ) စွမ်းအား ငှားယူခြင်း။

လုမင်၏ အသိစိတ်ပင်လယ်တွင်းရှိ လဲ့တင်းက တုန်ခါသွားကာ စူးရှသော သံရှည်ဆွဲ၍ မြည်တမ်းကာ နဝမနဂါးဒယ်စောက်အိုးထဲသို့ အသံပို့လွှတ်လိုက်သည်။

"ဝုန်း"
ထိုအချိန်တွင် နဝမနဂါးဒယ်စောက်အိုးကြီးက ပို၍ပင် တုန်ခါသွား၏။

အခြေလေးချောင်းဖြင့် မြေပြင်တွင် အခိုင်အမာရပ်နေသော နဝမနဂါးဒယ်စောက်အိုးကြီးကြီး တုန်ခါခြင်းနှင့်အတူ ကျောက်တုံး၊ ကျောက်စများကလည်း ပြိုဆင်းလာတော့သည်။

"ထလော့"
လုမင်က နဝမနဂါးဒယ်စောက်အိုး ခြေထောက်ကို ပွေ့ဖက်ထားကာ အော်ဟစ်လိုက်၏။

ထို့နောက်တော့ တောင်ကြီးကဲ့သို့ ကြီးမားသော ဒယ်စောက်အိုကြီးဟာ မြေပြင်မှ အမှန်တကယ် ကြွတက်လာကြောင်း မြင်တွေ့လိုက်ရပြီး အားလုံးလည်း အံ့အားသင့်သွားကြတော့သည်။

ဟုတ်သည်၊ လုမင်က ၎င်းကို မြေပြင်မှ အမှန်တကယ် ဆွဲမနေပေပြီ။

ထိုအချိန်တွင် မြင်ကွင်းက အလွန်တိတ်ဆိတ်သွားသည်။

"နဝမနဂါးဒယ်စောက်အိုး၊ ငါနဲ့လိုက်ပြီး တိုက်ခိုက်စမ်း"
လုမင်က ထပ်မံ အော်ဟစ်လိုက်သည်။ သူက ပါးစပ်ကိုဟကာ နဝမနဂါးဒယ်စောက်အိုးကြီးပေါ်သို့ သွေးများ အန်ချလိုက်၏။  ထိုသွေးများက နဝမနဂါးသွေးမျိုးဆက်၏ ပါးစပ်ထဲမှ သွေးများ ဖြစ်ပြီး လုမင်ပါးစပ်မှ တစ်ဆင့် ထွေးချလိုက်ခြင်း ဖြစ်ချေသည်။

"ဝုန်း"
နဝမနဂါးဒယ်စောက်အိုးကြီးက ပို၍ပြင်းထန်စွာ တုန်ခါလာပြီး လုမင်၏ ဆွဲမြှောက်ခြင်းကို ခံလာခဲ့ရသည်။

"ဘုရား… ဘုရားရေ၊ ငါဘာကိုမြင်နေရတာလဲ။ လုမင်က နဝမနဂါး ဒယ်စောက်အိုးကို အမှန်တကယ် မလိုက်တာလား"

"မယုံနိုင်စရာပဲ၊ နဝမနဂါးဒယ်စောက်အိုးကြီးက ဘယ်တုန်းကမှ လှုပ်ရှားခဲ့တာ မဟုတ်ဘူး။ မယုံနိုင်စရာကောင်းလွန်းတယ်"

အားလုံးက ရူးသွပ်လုနီးဖြစ်ကာ အော်ဟစ်လိုက်ကြသည်။

"ဝုန်း"
နဂါးသွေးကြောတစ်ခုလုံးကလည်း နဂါးအသွင်ပြောင်းကာ ထွက်သွားတော့မည်ကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Donde viven las historias. Descúbrelo ahora