ထာဝရနဂါးတန်ခိုးရှင် (လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 691 ) ရတနာသတင်း"အဘိုးကြီး၊ မင်းခေါင်းကို ခွေးကိုက်ခံထားရလို့ ငါ့ကို ခြိမ်းခြောက်ဝံ့သေးတာလာလား။ ငါလုပ်ချင်ရင် လုပ်မယ်၊ မင်းဘာတတ်နိုင်မှာလဲ။ ကောင်းတယ်၊ ငါကတော့ လုပ်ဖို့ အသင့်ဖြစ်နေပြီ။ သိုင်းအုပ်ချုပ်သူရဲ့ ရတနာသတင်းက မကြာခင် ဖရိုဖရဲကြယ်ပင်လယ်တစ်ခုလုံးကို ပျံ့နှံ့သွားမယ်ဆိုတာ ငါယုံတယ်"
လုမင် ပြောလိုက်သည်။"မဟုတ်ဘူး၊ ကောင်လေး... မင်းလုပ်ဝံ့ရင် ငါမင်းကို သေချာပေါက်သတ်မယ်"
သွေးအဆိပ်ဂိုဏ်းချုပ်က ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း လုမင်က စွမ်းအင်ရုတ်သိမ်းလိုက်သောအခါ ဆက်မကြားရတော့ပါ။“အခုဖြစ်နေမဲ့ သွေးအဆိပ်ဂိုဏ်းက လူတွေရဲ့မျက်နှာအမူအရာတွေကို ငါတကယ်မြင်ချင်မိတယ်”
ကျန့်ဖေးလျိုက သက်တောင့်သက်သာရှိနေဟန်ဖြင့် ပြုံးကာ ပြောလိုက်သည်။"သူတို့ အရမ်းအံ့ဩနေမှာပေါ့"
လုမင် ပြောလိုက်၏။ဟုတ်ပေသည်။ သွေးအဆိပ်ဂိုဏ်းက လူအားလုံး အမှန်တကယ် အံ့သြနေကြသည်။
"သေစမ်း၊ ဒီကောင်လေး နောက်တစ်ခါတွေ့ရင် အရေခွံဆုပ်ပစ်မယ်"
လူထွားကြီးက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။"ကျွန်မတို့ ဖြစ်နိုင်ချေအမျိုးမျိုးကို တွက်ထားပေမဲ့ သူ့မှာ ဓားနှစ်ချောင်းရှိနေမယ်လို့ ထင်မထားခဲ့ဘူး"
ရှက်ရွံ့တတ်သောမိန်းကလေးလည်း ဒေါသတကြီးဖြင့် အံကြိတ်ထားသည်။တခြားသူများလည်း မျက်နှာများမည်းမှောင်ကာ သွေးကြောများပင် မြင်နေရ၏။
အောင်မြင်မှုသို့ ခြေတစ်လှမ်းသာ လိုသောအခါမှ လက်လွှတ်လိုက်ရသဖြင့် ၎င်းတို့မှာ သွေးအန်လုနီး ဖြစ်နေတော့သည်။
"နောက်တစ်ခါတွေ့ရင် သူသူသေပြီ"
သွေးအဆိပ်ဂိုဏ်းချုပ်က အံကြိတ်လိုက်သည်။"ဂိုဏ်းချုပ်၊ အခု ဘာလုပ်သင့်လဲ"
တစ်ယောက်က မေးလိုက်၏။"သော့ကိုးခုမရှိရင် သိုင်းအုပ်ချုပ်သူရဲ့ရတနာကို ဖွင့်လို့မရဘူး၊ ဒီအတိုင်း စောင့်နေဖို့ပဲ ရှိတော့တယ်"
သွေးအဆိပ်ဂိုဏ်းချုပ်က ကူကယ်ရာမဲ့ဟန်ဖြင့် ပြောလိုက်သည်။
YOU ARE READING
ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1
Adventureမူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟွမ် မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ထာဝရ လူငယ်လေးလုမင်ဟာ သွေးကြောလုယူခြင်းခံရပြီး အသ...