ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 121 ) စဉ်ဆက်မပြတ်တိုက်ပွဲများလိပ်နက်ခန်းမရဲ့ တစ်နေရာမှာ ပြင်းထန်သော စကားသံတစ်ချက်ထွက်ပေါ်လာခဲ့ပါသည်။
"သွမ့်ကန်း… မင်းက ငါတို့လိပ်နက်ခန်းမရဲ့ တစ်ဦးတည်းသောသူပဲ… ထိပ်တန်းသုံးယောက်ထဲကို ဝင်နိုင်အောင် မင်းကြိုးစားပါ… မဟုတ်ရင် ငါတို့ရဲ့လိပ်နက်ခန်းမက အောက်ဆုံးကို ရောက်သွားလိမ့်မယ်""ဌာနမှူး စိတ်ချပါခင်ဗျာ… သွမ့်ကန်း အကောင်းဆုံး ကြိုးစားမှာပါ"
…………
မိုးပြာနဂါးခန်းမရဲ့ ခြံဝင်းတစ်ခုထဲတွင် ကျန်းမုယွင်နှင့် ကျိုးယီရုံက ဘေးချင်းယှဉ်ကာ ရပ်နေခဲ့ပါသည်။
"အကိုမုယွင်… သွမ့်မုယွင်ယန်က ဒီတစ်ခေါက် ပထမနေရာကို မျှော်မှန်းနေတယ်… နင်ဘယ်လိုလဲ"
ကျိုးယီရုံက မေးလိုက်သည်။"ကိစ္စမရှိဘူး… လုမင်ဆိုရင်လည်း နောက်တစ်နှစ်လောက်ဆိုရင်တော့ ငါ့ပြိုင်ဘက်ဖြစ်လာနိုင်တယ်… ဒါပေမယ့် အခုတော့မရဘူး"
ကျန်းမုယွင်က သက်ပြင်းချကာ ပြောလိုက်ပါသည်။ သူက အနည်းငယ်အထီးကျန်နေပုံ ရသော်လည်း ယုံကြည်မှုတို့ဖြင့် ပြည့်နှက်နေခဲ့ပါသည်။……...
ထိုညမှာတော့ လူတိုင်းပဲ ကောင်းကောင်းအိပ်မပျော်ခဲ့ကြပါချေ။
လူတိုင်းက နောက်တစ်နေ့မှ အထွတ်အထိပ်ပြိုင်ပွဲကို ကြိုမျှော်လင့်နေကြလေ၏။
မူလကတော့ လူတိုင်းဟာ ခန်းမလေးခုပြိုင်ပွဲမှာ အဓိကကိစ္စနှစ်ခုရှိသည်ဟု တွေးထားခဲ့ကြလေသည်။
ပထမတစ်ခုက ပေါ်လဲ့အနေဖြင့် မည်သည့်အဆင့်ကို ရောက်နိုင်မည်ဆိုတာကိုပင်။
ဒုတိယကတော့ ကျန်းမုယွင်နှင့် သွမ့်မုယွင်ယန်ကြားက ပထမနေရာအတွက် တိုက်ပွဲပင် ဖြစ်လေသည်။
နောက်ဆုံးမှာတော့ သွမ့်မုယွင်ယန်က သူ့ခေတ်အခါက တပည့်သစ်ဘုရင်ဖြစ်သော်လည်း အခြားသူတွေရဲ့ ဖိအားတွေကြောင့် ကျန်းမုယွင်ကို အနိုင်ယူချင်စိတ် ပြင်းပြနေခဲ့ပါသည်။
YOU ARE READING
ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1
Adventureမူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟွမ် မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ထာဝရ လူငယ်လေးလုမင်ဟာ သွေးကြောလုယူခြင်းခံရပြီး အသ...