ထာဝရနဂါးတန်ခိုးရှင် (လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 481 ) လုမင်ကိုသတ်ရန်လာသည်ထိုစကားများ ထွက်လာသည်နှင့်တပြိုင်နက် ရွယ်ချောင်နှင့် ချိုးကန်ခန်း၏မျက်နှာက မည်းမှောင်သွားသည်။
"အတင့်ရဲလိုက်တာ... မင်းကများ ငါ့ဆရာကို စော်ကားဝံ့တယ်၊ သေချင်နေတာပဲ"
ရွယ်ချောင် ဟိန်းဟောက်လိုက်၏။"မင်းဆရာကို စော်ကားတာလား..။ သူက ဘာလေးစားစရာရှိလို့ မင်းကို ခွေးအိုကြီးလို့ မခေါ်ရမှာလဲ..။ ဒီနေ့ မင်းတို့ခွေးနှစ်ကောင်ကိုသတ်မယ်၊ ပြီးရင် အဲဒီ ခွေးအိုကြီးကို သတ်မယ်"
လုမင် အေးစက်စက်ဖြင့် ပြောလိုက်သည်။ထိုအခါ လင်းရွယ်ယီနှင့် အခြားသူများ အံ့ဩသွားကြ၏။
ရွယ်ချောင်ဆရာက မည်သူမှန်း မသိကြသည့်တိုင်၊ ရွယ်ချောင်ကိုယ်၌က သိုင်းဘုရင် ဖြစ်သည်။ ဤသည်ကိုကြည့်လျှင် ရွယ်ချောင်ဆရာ၏ အဆင့်အတန်းကို မှန်းဆရနိုင်သည်။
သို့ရာတွင် ယခုအခါ လုမင် ဘာပြောလိုက်သနည်း။ ရွယ်ချောင်ကို သတ်မည်လော။ သိုင်းဘုရင်ကို သတ်မည်လော။
အားလုံး တုန်လှုပ်သွားကြလေသည်။
"ဟားဟားဟား၊ လုမင်.. မင်းကများ ငါ့ကိုသတ်နိုင်မယ်လို့ ထင်နေတယ်ပေါ့..။ ဒီနေ့တော့ သေရမဲ့သူက မင်းပဲ ဖြစ်ရမယ်"
ရွယ်ချောင် ကြမ်းကြုတ်ဟန်ဖြင့် ရယ်မောလိုက်သည်။"တကယ်လား"
လုမင်ရယ်မောကာ ရွယ်ချောင်ထံ လျှောက်လှမ်းသွား၏။"လုမင်... ငါက မင်းကိုကြောက်နေမယ်လို့ ထင်မနေနဲ့ကွ..။ အခု ငါအသစ်သင်ယူထားတဲ့ လျှပ်စီးအင်မော်တယ်ဓားကို မြည်းကြည့်လိုက်စမ်း"
ရွယ်ချောင် ရယ်မော၍ လျှပ်စီးဓားတစ်လက်ကို ထုတ်ယူလိုက်သည်။သူ့ခန္ဓာကိုယ်မှ သိုင်းဘုရင် အရှိန်အဝါများဟာ အထိန်းကွပ်မဲ့စွာ ပေါက်ကွဲထွက်ပေါ်လာ၏။ ချက်ချင်းပင် ၎င်းက ဓားနှင့်လူ တစ်သားတည်းဖြစ်သွားဟန်ဖြင့် လုမင်အား ခုတ်ပိုင်းချလိုက်တော့သည်။
"သတိထား"
လင်းရွယ်ယီနှင့် အခြားသူများ ထိတ်လန့်တကြားဖြင့် အော်ဟစ်လိုက်ကြသည်။
YOU ARE READING
ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1
Adventureမူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟွမ် မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ထာဝရ လူငယ်လေးလုမင်ဟာ သွေးကြောလုယူခြင်းခံရပြီး အသ...