ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 171 ) ရှဲ့နျန်ချင်း… မြေကမ္ဘာအဆင့်သိုင်းပညာလုမင်က ပြုံးကာ ဂူ၏အခြားတစ်ဖက်ကို လျှောက်သွားခဲ့ပါသည်။
ဤမြေအောက်ဂူဟာ အလွန်ကြီးမားသလို ဂူနံရံမှာလည်း ဂူပေါက် ငါးခု၊ခြောက်ခုခန့် ရှိလေသည်။
ဤဂူငယ်များအတွင်းမှာ ရတနာအချို့ပင် ရှိကောင်းရှိနေနိုင်ပေ၏။
ဂူအဝင်ဝက သိပ်မကြီးပေ။ အထဲကို ဝင်ရောက်သွားပြီးနောက် လူလုပ်လှိုဏ်ဂူသဘောမျိုးဖြစ်နေတာကို တွေ့လိုက်ရပါသည်။
အတွင်းမှာတော့ ကျောက်အိပ်ရာတစ်ခု၊ ကျောက်စားပွဲတစ်လုံး၊ ကျောက်ထိုင်ခုံအနည်းငယ်မှလွဲ၍ အခြားဘာမျှမရှိပါချေ။
ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီးနောက်မှာတော့ လုမင်လည်း စိတ်ပျက်လက်ပျက်နှင့် အခြားဂူတစ်လုံးကို ထွက်ခွာသွားတော့သည်။
နောက်ဂူအတွင်းမှာလည်း ဘာမျှရှိမနေပါချေ။
လုမင်လည်း ခေါင်းကိုခါယမ်းကာ ပြန်ထွက်လာခဲ့လိုက်ပါသည်။
ထိုစဉ်မှာပင် အခြားဂူပေါက်တစ်ခုမှ ထွက်လာသော ရှဲ့နျန်ချင်းကို မြင်လိုက်ရသည်။
"လုမင်… ငါနင့်ကိုပြောထားမယ်နော်… ဒီနေ့ကစပြီး ဒီဂူကို တစ်ယောက်တစ်ဝက်ခွဲယူမယ်… ကိုယ့်ဘက်ခြမ်းမှာကိုယ်နေ… ငါ့ဂူဘက်ကို ခြေတစ်လှမ်းတောင် မလှမ်းမိစေနဲ့… မဟုတ်ရင် ငါ့ကို မယဉ်ကျေးဘူးဆိုပြီး အပြစ်မတင်နဲ့… ဟမ့်"
ရှဲ့နျန်ချင်းက သူ့လက်ကို ဝှေ့ယမ်းလိုက်ပါသည်။"မလာဘူး"
လုမင်က သူ့နှုတ်ခမ်းကို တွန့်ကွေးလိုက်ပါသည်။ရှဲ့နျန်ချင်းကတော့ လုမင်ဆီက ကတိကိုရတာနှင့် ဂူထဲကို ဒေါသတကြီးနှင့် လှည့်ဝင်သွားတော့သည်။
"သိုလှောင်လက်စွပ်နဲ့ လျှို့ဝှက်စာအုပ် နှစ်အုပ်ကိုကြည့်စမ်းမယ်"
ယင်းကိုတွေးပြီးနောက် လုမင်၏နှလုံးသားက ပူလောင်လာခဲ့ပါသည်။ သူက ရှဲ့နျန်ချင်းကို ဂရုစိုက်မနေတော့ဘဲ ဂူအတွင်းကို ပြန်ဝင်လာခဲ့လိုက်ပါသည်။ ထို့နောက် ကျောက်အိပ်ရာပေါ်မှာ တင်ပျဉ်ခွေထိုင်လိုက်သည်။
YOU ARE READING
ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1
Adventureမူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟွမ် မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ထာဝရ လူငယ်လေးလုမင်ဟာ သွေးကြောလုယူခြင်းခံရပြီး အသ...