151 - 155

476 41 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 151 ) ထိပ်တန်း ပါရမီရှင်

အသက်ဆယ့်ကိုးနှစ်ဖြင့် ဤမျှသန်မာသော တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားခြင်းသည် ရွှမ်ယွမ်ဓားဂိုဏ်းမှာဆိုလျှင်‌ပင် အလွန်ပါရမီရှိသူဟု သတ်မှတ်ခံရမည်ဖြစ်သည်။

ထို့အပြင် သူမည်မျှသန်မာသည်ဆိုတာကိုတောင် အတိအကျမသိနိုင်သေးဘဲ အလွန်နက်နဲသလိုသာ ခံစားနေ‌ခဲ့ရပါသည်။

ဖုလျန်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
"ငါခန့်မှန်းတာ မမှားရင် သူက သိုင်းဆရာသခင်အဆင့်နှစ်ရဲ့ အထွတ်အထိပ်ကိုရောက်နေပြီ"

"ဘာ… သိုင်းဆရာသခင်အဆင့်နှစ်ရဲ့ အထွတ်အထိပ်လား"
လူတိုင်း လေအေးကြီးကို ရှုလိုက်မိကြပြန်ပါသည်။

အသက်ဆယ့်ကိုးနှစ်နှင့် ၎င်းက သူတို့ မျှော်လင့်ထားသည်ထက်ပိုပြီး အဆင့်နှစ် သိုင်းဆရာသခင်အထွတ်အထိပ်ကိုပင် ရောက်နေခဲ့လေပြီ။ ထိုကျင့်ကြံခြင်းအခြေခံက ရွှမ်ယွမ်ဓားဂိုဏ်းမှာပင် အလွန်မြင့်မားနေပြီဖြစ်သည်။

ဥပမာအားဖြင့် ကျန်းမုယွင်၊ သွမ့်မုယွင်ယန် စသူတို့သည် ကျင့်ကြံခြင်းအခြေခံကို တမင်ထိန်းချုပ်ထားခဲ့သည်ဆိုရင်တောင် အသက်ဆယ့်ရှစ်နှစ်ဖြစ်နေခဲ့ကြလေပြီ။

‌ဆိုရလျှင် ဘိ့၏ တိုးတက်မှုနှုန်းက ကျန်းမုယွင်တို့အောက် မနိမ့်တော့ပါချေ။

သို့သော် ကျန်းမုယွင် စသူတို့က ရွှမ်ယွမ်ဓားဂိုဏ်း၏ ပါရမီရှင်တွေဖြစ်ပေ၏။

"ချီးပဲ… ဒီနေ့ ဒီမှာ ရွှမ်ယွမ်ဓားဂိုဏ်းရဲ့ ပါရမီရှင်တွေ မရှိလို့ပေါ့ကွာ… မဟုတ်ရင် သူဒီလိုမောက်မာနိုင်မှာ မဟုတ်ဘူး"

"အမှန်ပဲ… တစ်ဖက်လူက ကျုပ်တို့ကို ပြင်ဆင်ချိန်မရခင် လာတိုက်တာဗျ"

လူအချို့က လုမင်ကို လှည့်ကြည့်လိုက်သော်လည်း ချက်ချင်း ခေါင်းကိုခါယမ်းလိုက်ကြပါသည်။

လုမင်သည် မကြာသေးခင်အချိန်အထိ သိုင်းသခင်နယ်ပယ်မှာ ရှိနေခဲ့ပါသေးသည်။ သူက သိုင်းဆရာသခင်နယ်ပယ်ကို အဆင့်တက်လာခဲ့မယ် ဆိုရင်တောင် ထိုလူ၏ပြိုင်ဘက် မဖြစ်နိုင်သေးပါချေ။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now