451 - 455

345 36 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 451 ) ကပ်ဘေးဒုက္ခ ဖြတ်ကျော်နေသော မိုးကြိုးဒယ်စောက်အိုး

ကြံ့ခိုင်သောလူငယ်၏ မျက်နှာပေါ်တွင် အဆုံးမဲ့နာကျင်မှုများ ဖြစ်ပေါ်လာသည်။

"ဝုန်း"
လုမင်လက်သီးမှ ကြောက်စရာစွမ်းအားများ ရူးသွပ်စွာ ပေါက်ကွဲထွက်ပေါ်လာ၏။

လက်သီးနှစ်လုံး တွေ့ဆုံရာတွင် လူငယ်လက်သီးက တို့ဟူးတုံးကဲ့ ပေါက်ကွဲသွားတော့သည်။

"အား..."
လူငယ် အော်ဟစ်ပြီး ကြောက်ရွံ့စွာဖြင့်  အနောက်ကိုဆုတ်သွားသည်။

လက်သီးချင်း ထိပ်တိုက်တွေ့ဆုံရာတွင် လုမင်က ဘာမျှမဖြစ်ဘဲ သူ့ကိုယ်တိုက်သာ ထိခိုက်သွားရ၏။

"အခု မင်းသေပြီ"
လုမင်မျက်လုံးက အေးစက်နေပြီး လူငယ်ထံသို့ လျှောက်လိုက်သွားသည်။

"အား... မင်း.. မင်းဘာလုပ်မလို့လဲ"
လူငယ်က အကြောက်လန့်နေသော မိန်းမငယ်ကဲ့သို့ အော်ဟစ်လိုက်လေသည်။ သူ့တွင် အစောပိုင်းကကဲ့သို့ မာနတရားများ မရှိတော့ပေ။

ဤအခိုက်တွင် သူ့နှလုံးသား၌ အလွန်ကြောက်လန့်နေခဲ့ပြီဖြစ်၏။ လုမင်၏ နတ်ခန္ဓာ သူ့ထက်ပိုသန်မာပြီး အဆင့်ခြောက်သို့ပင် ရောက်ရှိနေကြောင်း သေချာသွားနိုင်ခဲ့ချေပြီ။

အနှီလူငယ်က သိုင်းဘုရင်ပင် မဖြစ်သေးဘဲ အဆင့်ခြောက်နတ်ခန္ဓာအား ရအောင်ကျင့်ကြံနိုင်နေသည်။ သူမည်သို့ လေ့ကျင့်ခဲ့သနည်း။

"ငါဘာလုပ်မှာလဲဆိုတော့ မင်း မကြားဘူးလား..။ မင်းကို အနောက်ဘက် လိုက်ပို့ပေးမလို့"
လုမင်ခန္ဓာကိုယ်မှ ရေတာကျိုးသကဲ့သို့ သတ်ဖြတ်ချင်သော စိတ်ဆန္ဒများက အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်ပေါ်လာသည်။

"မဟုတ်ဘူး... မင်းငါ့ကို သတ်လို့မရဘူး..။ ငါက လေနန်းတော်စောင့်ရှောက်သူရဲ့ သားပဲ..။ မင်းငါ့ကိုသတ်ဝံ့ရင် ငါ့အဖေက မင်းကို ဘယ်တော့မှ လွှတ်ပေးမှာ မဟုတ်ဘူး"
ကြံ့ခိုင်သောလူငယ် အော်ဟစ်လိုက်သည်။

"အဟက်... ဒီနေရာမှာ မင်းနဲ့ငါ နှစ်ယောက်တည်းပဲ ရှိတာ..။ ငါက မင်းကိုသတ်လိုက်ရင်တောင် မင်းအဖေက သိမှာမို့လား..။ တကယ်တော့ ငါ့ပုတီးစေ့ကို ဝင်လုကတည်းက မင်းကံကြမ္မာက အဆုံးသတ်သွားခဲ့ပြီ..။ သေစမ်း"

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Nơi câu chuyện tồn tại. Hãy khám phá bây giờ