721 - 725

397 33 0
                                    


ထာဝရနဂါးတန်ခိုးရှင် (လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 721 ) သွေးမျိုးဆက်နိဗ္ဗာန်၊ အပြင်လောကသို့ အပြန်။

ရှဲ့နျန်ချင်း၏ ဦးခေါင်းပေါ်ရှိ ပိုးအိမ်နက်ကြီး လုံးဝကွဲအက်သွားပြီးနောက် ပြိုးပြိုးပြက်ပြက်ဖြစ်နေသော ငွေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ယင်းက ချက္ကရများမှ ထွက်ပေါ်လာသောာ အလင်းရောင်ပင် ဖြစ်ချေသည်။

ချက္ကရကိုးခု၊ လုမင်ဟာ ငွေရောင်ချက္ကရကိုးခုကို မြင်လိုက်ရသည်။

ဘုရင်အဆင့်ကိုး သွေးမျိုးဆက်။

လုမင် အံ့ဩသွား၏။  ယင်းက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါမည်နည်း။
   
ကန့်ဖေးလျိုက ပိုလို့ပင် အံ့ဩသွားရပါသေးသည်။

သူတို့က အတူတူ တိုက်ခိုက်ခဲ့ခြင်းဖြစ်သောကြောင့် ရှဲ့နျန်ချင်း၏သွေးမျိုးဆက်က ဘုရင်အဆင့်ခုနစ်ဖြစ်ကြောင်း သဘာဝအတိုင်း သိခဲ့သည်။ သို့သော်လည်း ယခုအခါ ၎င်းက မယုံနိုင်စရာကောင်းအောင် ဘုရင်အဆင့်ကိုးသို့ ရောက်လာခဲ့ချေပြီ။

"အမှန်ပဲ၊ ဒီသွေးမျိုးဆက်မျိုးက တကယ်ကိုအစွမ်းထက်တယ်။ ဒါက သွေးမျိုးဆက်နိဗ္ဗာန်ပဲ၊ သူ့ရဲ့ တတိယသွေးမျိုးဆက်ဆိုရင် ဘယ်အဆင့်ဖြစ်မလဲဆိုတာ ငါမသိဘူး"
လျန်ခန်းမက ရှဲ့နျန်ချင်းကိုကြည့်ပြီး ​ကျေနပ်​စွာ​ ခေါင်းညိတ်လိုက်သည်။

'ကမ္ဘာပေါ်မှာ အံ့သြစရာကောင်းတဲ့သွေးမျိုးဆက်က နဝမနဂါး သွေးမျိုးဆက်တစ်ခုတည်း မဟုတ်ဘူးထင်တယ်'
လုမင် သက်ပြင်းချလိုက်မိသည်။
   
ဤကမ္ဘာပေါ်တွင် အံ့ဩစရာ အမျိုးမျိုးရှိ၏။ အရင်တုန်းက သူနေခဲ့သည့်နေရာက တကယ်ကို သေးလွန်းပေသည်။ ပိုမြင့်မားသည့်အဆင့်ကို ရောက်ခဲ့ပါက ပို၍အံ့သြစရာကောင်းသည့် အရာများကို သေချာပေါက် မြင်လာရပေမည်။ သွေးမျိုးဆက်အားလုံးတွင် ထူးခြားချက်များ ရှိကြ၏။ အဆင့်မြှင့်တင်နိုင်သည်က နဝမနဂါးသွေးမျိုးဆက်တစ်ခုတည်း မဟုတ်ပေ။

ရှဲ့နျန်ချင်း၏ သွေးမျိုးဆက်ဆိုလျှင်လည်း အမှန်တကယ် သွေးမျိုးဆက်နိဗ္ဗာန်ကို ကျော်ဖြတ်သွားနိုင်ခဲ့ပေသည်။ တစ်နည်းအားဖြင့် ဘုရင်အဆင့်ကိုးသို့ တိုးမြှင့်နိုင်ခဲ့သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Où les histoires vivent. Découvrez maintenant