296 - 300

454 43 1
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 296 ) နတ်ခန္ဓာအဆင့်လေး၊ နဝမနဂါးခြေလှမ်း

သူဟာ ယွင်ဧကရာဇ်နန်းတော်ထဲမှာ လူသိပ်မသတ်ခဲ့ပေ။ သို့သော် သူ့ပြိုင်ဘက်တွေက‌တော့ လူများစွာကို သတ်ထားလေ၏။ ထို့ကြောင့် ပြိုင်ဘက်တစ်ယောက်စီမှာ သိုလှောင်လက်စွပ် မနည်းလှပေ။

သူက ရေတွက်ကြည့်လိုက်သောအခါ သိုလှောင်လက်စွပ် နှစ်ရာကျော်ရှိ၏။

၎င်းသိုလှောင်လက်စွပ် နှစ်ရာကျော်တွင် အများစုက သိုင်းဆရာသခင်အဆင့်ရှစ်၊အဆင့်ကိုးမှ ပါရမီရှင်တွေ၏ လက်စွပ်တွေသာ ဖြစ်ကြသည်။ သို့သော် ဒါဇင်နှင့်ချီသော သိုလှောင်လက်စွပ်တွေကတော့ သိုင်းဘိုးဘေးနယ်ပယ် ကျွမ်းကျင်သူတွေဆီကပင် ဖြစ်၏။

ချိုးကန်လေ့၊ သွေးကျောက်အင်ပါယာ၏ စူပါနိုဗာငါးဆယ်ထဲမှ ကျောက်ဟုန်… အစရှိသော ထိပ်တန်းပါရမီရှင်တွေ၏ သိုလှောင်လက်စွပ်တွေပင် ရှိပေသည်။

ထို့ကြောင့် အတွင်းမှပစ္စည်းတွေအပေါ် လုမင်ကို ပိုမိူမျှော်လင့်ထားစေ၏။

ယင်းက ဘယ်လောက်ရှိမှန်း မသိသော်လည်း အနည်းဆုံးတော့ သူ့ကို အံ့အားသင့်စေပေလိမ့်မည်။

လုမင်ဟာ အခြေအနေကို ကြိုတင်ပြင်ဆင်ထားသော်လည်း လက်တွေ့ကြုံရသောအခါ အံ့အားသင့်ရပြန်ပေ၏။

ဝိညာဉ်ကျောက်တုံးတွေဟာ တောင်တစ်လုံးလိုဖြစ်နေ၍ သိုလှောင်လက်စွပ်တစ်ကွင်းနှင့်ပင် ထည့်မနိုင်တော့ပေ။

ဝိညာဉ်ကျောက်တုံး စုစုပေါင်း သန်းငါးဆယ်ကျော် ရှိ၏။
There are 5550 60000 Spirit Crystals in total.

သန်းငါးဆယ်ကျော်။ ယင်းက ဘယ်လောက်တောင် များပြားလှသော အရေတွက်ပင်နည်း။ လုမင်ဟာ ခဏကြာသည်အထိ အေးခဲသွားခဲ့ရပေသည်။

လုမင်လည်း ထိုဝိညာဉ်ကျောက်တုံးတွေကို သိုလှောင်စွပ်အနည်းငယ်ထဲ ထည့်သိမ်း၍ အခြားအရာတွေကို ကြည့်လိုက်သည်။

ဝိညာဉ်လက်နက် လေးထောင်ကျော်။

ဝိညာဉ်‌ဆေးပင် သောင်းနှစ်ထောင်ကျော်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Où les histoires vivent. Découvrez maintenant