ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 486 ) အင်ပါယာမြို့တော်ကို ချီတက်ကြနတ်ဘုရားများ၏ အထက်... ယင်းက ရှမ်းဟွမ်တိုက်ကြီး၏ အထက်ပင်လော။
ပြောစကားများအရ ရှမ်းဟွမ်တိုက်ကြီး၏အထက်တွင် ပြင်ပနယ်မြေ တိုက်ကြီးတစ်ခုရှိသည်။ သို့ရာတွင် ဝေးကွာလွန်း၍ ဒဏ္ဍာရီတစ်ခုကဲ့သို့ပင် ဖြစ်၏။
ထို့အပြင် ကမ္ဘာတွင်း၌ တစ်ခုတည်းသော'ကရော ဘာများဖြစ်လေသနည်း။
လုမင် အလွန်စိတ်ရှုပ်ထွေးသွားမိသည်။
"မင်အာစိတ်မပူပါနဲ့... ချင်ယွဲ့ ဘာမှ မဖြစ်ဘူး..။ သးလေ့ကျင့်တာ အောင်မြင်တဲ့အခါ မင်းဆီကို ပြန်လာလိမ့်မယ်... ချင်ယွဲ့က မင်းကို မေ့သွားမှာ မဟုတ်ပါဘူး"
လုမင် အနည်းငယ် မပျော်မရွှင်ဖြစ်နေ၍ လုယွမ်ထျန်း နှစ်သိမ့်ပေးလိုက်သည်။"ကျွန်တော် အဆင်ပြေပါတယ်"
လုမင်ပြုံးလိုက်သည်။ထို့နောက် လုယွမ်ထျန်း၊ လီပင်းတို့နှင့်အတူ စကားစမြည်ပြောဆိုလိုက်၏။
တစ်နာရီခန့်ကြာပြီးနောက် လုမင် ပြန်ထွက်လာသည်။
လုမင်လည်း ရွှမ်ယွမ်ဓားဂိုဏ်း၏ ဆွေးနွေးပွဲခန်းမအတွင်းသို့ ဝင်ရောက်သွားသည်။
ထိုနေရာတွင် လင်းရွယ်ယီနှင့် တခြားသူအားလုံး ရှိနေကြ၏။
လုမင် ဝင်လာသည်ကိုမြင်သောအခါ အားလုံးက ကပျာကယာ ဆီးကြိုလိုက်တော့သည်။
"မင်္ဂလာပါ မင်းကြီး""အားလုံးပဲ ယဉ်ကျေးနေဖို့ မလိုပါဘူး..။ ဟွာချီ… ရှီဖန်းဓားဂိုဏ်းကို မင်းကိုယ်တိုင် ဖျက်ဆီးခွင့်ပေးမယ်လို့ ငါကတိပေးခဲ့တယ်နော်... အခု အချိန်ကျပြီ"
လုမင် သူ့လက်ကို ဝှေ့ယမ်းပြီး လိုရင်းကို တိုက်ရိုက်ပြောလိုက်သည်။ဒါကိုကြားပြီးနောက် ဟွာချီမျက်နှာ ဝင်းလက်သွားပါတယ်။ ချက်ချင်းပဲ လုမင်အရှေ့ကိုလျှောက်လာကာ လေးလေးနက်နက် ပြောလိုက်ပါပြီ။
"အကိုလု... ဟွာချီက ဒီကြင်နာမှုကို စိတ်ထဲမှာ အမြဲမှတ်ထားမှာပါ"
YOU ARE READING
ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1
Adventureမူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟွမ် မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ထာဝရ လူငယ်လေးလုမင်ဟာ သွေးကြောလုယူခြင်းခံရပြီး အသ...