656 - 660

323 34 0
                                    


ထာဝရနဂါးတန်ခိုးရှင် (လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 656 ) ရွယ်ဂန်းကို သတ်ဖြတ်ခြင်း

စင်ပေါ်သို့ တက်လှမ်းလာသူဟာ အမှန်တကယ် ရွယ်ဂန်းဖြစ်သည်။

"ရွယ်ဂန်း"
ချန်တောက်မျက်လုံးက အရောင်တစ်ချက်လက်သွားသည်။

"လုမင်"
လော့ရှင်းမျက်လုံးတွင်လည်း စိုးရိမ်မှုများ လှစ်ဟလာခဲ့၏။

'လုမင်၊ လုမင်... မင်းက အရမ်းတော်တယ်မဟုတ်လား။ မင်းက အရမ်းသန်မာတယ်ဆိုရင် ဒါကို အရှုံးမပေးလိုက်နဲ့'
ချန်ကျောက်မျက်လုံးတွင်လည်း ရူးသွပ်မှုအလင်းများ ဖြစ်ပေါ်လာသည်။ သူဟာ လုမင်ကို အလွန်မုန်းတီး၏။ သူဟာ စိန်ခေါ်မှုကို လုမင်လက်ခံပြီး ရွယ်ဂန်း၏ သတ်ဖြတ်ခြင်းကို ခံရစေဖို့ပင် မျှော်လင့်နေတော့သည်။

"အသူရာ... နာမည်ကတော့ အတော်လွှမ်းမိုးနိုင်စွမ်းရှိတာပဲ၊ ဒါပေမဲ့ မင်းမှာ တကယ်ကော သတ္တိရှိပါ့မလားဆိုတာ ငါသိချင်မိတယ်"
ရွယ်ဂန်းက လှောင်ဆပြာင်လိုက်သည်။

"သတ်တိလား၊ သတ်တိဆိုတာ ဘာကိုဆိုလိုတာလဲ"
လုမင် အနည်းငယ်ပြုံးလိုက်၏။

"မတိုက်ခိုက်ရသေးခင် မင်းထွက်ပြေးသွားမှာ ငါကြောက်တာ"
ရွယ်ဂန်းက နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။

"ဟားဟားဟား၊ ရွယ်ဂန်း... ငါ့ကို တိုက်ခိုက်စေဖို့ ရန်စနေစရာမလိုဘူး။ အခုမင်းရောက်လာတယ်... ငါက ငါ့လက်သီးသိုင်းလေ့ကျင့်ဖို့သုံးမယ်။ ဒါပဲ"
လုမင် ပြောလိုက်သည်။

"ဟားဟား၊ မင်းမဆင်းဘူးလား။ ကောင်းတယ်"
ရွယ်ဂန်း ဝမ်းသာသွားသည်။

"သွေးမီးလျှံလက်ဝါး"
ရွယ်ဂန်း မစောင့်နိုင်တော့ဘဲ လက်ဝါးတစ်ချက်ကို ထုတ်ဖော်လိုက်သည်။

သူ့အမြင်တွင် လုမင် ယခုလေးတင်ရရှိထားသော သိုလှောင်လက်စွပ်သုံးကွင်နှင့် ကိုယ်ပိုင် တစ်ကွင်းဟာ သူ့အပိုင်ဖြစ်နေခဲ့ချေပြီ။ ယင်းက အထွတ်အထိပ်ဘုရင်လေးယောက်၏ ပိုင်ဆိုင်မှုဖြစ်သည်။

အထွတ်အထိပ်ဘုရင်လေးပါး၏ ပိုင်ဆိုင်မှုဆိုလျှင် မည်မျှ ကြွယ်ဝချမ်းသာလိုက်မည်နည်း။ အကယ်၍ နှောင့်နှေးနေ၍ လုမင်အရှုံးပေးသွားလျှင် ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံး သန်းဂဏန်းသာ ရနိုင်ပေလိမ့်မည်။ ယင်းက ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Donde viven las historias. Descúbrelo ahora