ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 416 ) နောက်ဆုံး အကဲဖြတ်သည့်နေရာလုမင်လည်း လှံရှည်ကိုထုတ်ယူကာ ချက်ချင်း ကစားလိုက်၏။
သူ့လှံရှည်က နဂါးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး လေနှင့်မီးကိုပေါင်းစပ်ကာ လှုပ်ရှားစေလိုက်သည်။ ထိုအခါ နဂါးဟိန်းသံများပင် ကြားလာရ၏။
သို့သော် မကြာမီပင် နဂါးဟိန်းသံများ ရုတ်ချည်း ပျောက်ကွယ်သွားပြီး လုမင်လည်း ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည်။
သူ့အနေဖြင့် မအောင်မြင်သော်လည်း စိတ်မပျက်ပေ ။
အကြွင်းမဲ့သုံးပါး နဂါးနတ်ဘုရားသိုင်းအား အလွယ်ကတူ အောင်မြင်ရန်က မဖြစ်နိုင်ပေ။ ထို့အပြင် လုမင်၏ လေနှင့်မီးစွမ်းအားက ကြီးမားသောအောင်မြင်ခြင်း၌သာ ရှိနေပါသေးသည်။
နဂါးဟိန်းသံက ပထမဆုံး ကျင့်ကြံခြင်းဖြစ်ပြီး ကျောက်အက္ခရာကြောင့်သာ ဤမျှ ကောင်းမွန်ခဲ့ခြင်း ဖြစ်သည်။
"ဆက်မယ်"
ချက်ချင်းပင် လုမင် ထပ်မံလေ့ကျင့်လိုက်၏။ဤသို့ဖြင့် လုမင်ဟာ ကျင့်ကြံခြင်း၌ နစ်မြုပ်သွားတော့သည်။
သူအဓိကကျင့်ကြံသည်မှာ နှစ်မျိုးရှိ၏။ တစ်ခုက အကြွင်းမဲ့သုံးပါး နဂါးနတ်ဘုရားသိုင်းဖြစ်ပြီး နောက်တစ်မျိုးက နဝမနဂါးခြေလှမ်းပင် ဖြစ်သည်။
အကြောင်းကတော့ ဤနှစ်မျိုးစလုံးအတွက် ကျောက်အက္ခရာဟာ ထောက်ပံ့နေသောကြောင့်ပင် ဖြစ်၏။ ယင်းက သူ၏ ကျင့်ကြံခြင်း၌ အထောက်အကူများစွာ ရရှိခဲ့ပေသည်။
အချိန်များ တရွေ့ရွေ့ကုန်လွန်သွားကာ မျက်စေ့တစ်မှိတ်အတွင်း နှစ်လနီးပါး ကြာမြင့်သွားခဲ့၏။
ကောင်းကင်နတ်ဘုရား အစောင့်အရှောက် စမ်းသပ်ပွဲပြီးဆုံးရန် ရက်အနည်းငယ်သာ လိုတော့သည်။
ထိုအခါ တုန်မင်ရှေးဟောင်းစစ်မြေပြင်ရှိ ပါရမီရှင် အားလုံးနီးပါးက စစ်မြေပြင်အလယ်သို့ စုရုံးရောက်ရှိလာကြသည်။
YOU ARE READING
ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1
Adventureမူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟွမ် မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ထာဝရ လူငယ်လေးလုမင်ဟာ သွေးကြောလုယူခြင်းခံရပြီး အသ...