ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 461 ) တပည့်အဖြစ်လက်ခံပါရဲ့လားယခုပြန်တွေးကြည့်လျှင် ထိုစဉ်က သူ့မျက်နှာအမူအရာဟာ အမှန်တကယ် ရယ်စရာပင် ဖြစ်၏။
လုမင်ကို သူမည်သို့ လမ်းညွှန်နိုင်မည်နည်း။ သူက လုမင်ကို အဘယ်သို့ ယှဉ်နိုင်ပါအံ့နည်း။
လုမင်နှင့် သူ့ကြားရှိအကွာအဝေးက ဝေးသည်ထက် ပိုဝေးလာမည်ဟု ပြောမိသည်။ ထိုအရာတော့ မှန်၏။ ယခုဆိုလျှင် လုမင်က သူ့အရှေ့ အဝေးကြီးကို ရောက်နေခဲ့ချေပြီ။
အားလုံးက ရှန့်ဝူရွှမ်းကိုကြည့်ကာ သက်ပြင်းချ၍ ခေါင်းကို ခါယမ်းလိုက်ကြသည်။
ရှန့်ဝူရွှမ်းဟာ အချိန်မှား၍ မွေးဖွားခဲ့ခြင်းပင် ဖြစ်၏။
သူက အားနည်းနေခြင်းမဟုတ်ဘဲ လုမင်က အလွန်သန်မာနေ၍သာ ဖြစ်တော့သည်။
လုမင်က ရှန့်ဝူရွှမ်းကို ပေါ့ပေါ့ပါးတစ်ချက်သာကြည့်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ကိုလှုပ်ရှားကာ ရွယ်ချောင်အရှေ့၌ ထွက်ပေါ်လာခဲ့၏။
"လုမင်.. မင်းဘာလုပ်မလို့လဲ... ရွယ်ချောင်က ရှုံးသွားတာတောင် မင်းက တိုက်ခိုက်ချင်သေးလို့လား"
ကေင်းကင်ယံရှိ မိုးကြိုးနန်းတော်ရှင်က အေးစက်စက်ဖြင့် ပြောလိုက်သည်။ သူ့မျက်နှာကား မည်းမှောင်နေ၏။"သူ့ကို ကျုပ်တိုက်ခိုက်မယ်လို့ ဘယ်သူပြောလဲ..။ ကျုပ်က ကျုပ်အနိုင်ရတဲ့ဆုကို လာယူတာ"
လုမင်ပြုံး၍ လက်ညိုးတစ်ချက်ညွှန်လိုက်သည်။ထိုအခါ နာကျင်မှုကို ခံစားရ၍ ရွယ်ချောင် သတိပြန်ဝင်လာ၏။ လုမင်ကို သူ့အရှေ့၌ မြင်သောအခါ ထိတ်လန့်တကြားဖြင့် အော်ဟစ်လိုက်သည်။
"လုမင်.. မင်း... မင်းဘာလုပ်မလို့လဲ"လုမင် သူ့နှုတ့်ခမ်းကိုတွန့်ကွေးကာ ပြောလိုက်၏။
"ရွယ်ချောင်... မင်းရှုံးသွားပြီဆိုတော့ ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးရှစ်သောင်း ပေးရအုံးမယ်လေ..။ မြန်မြန်ပေးစမ်း""ရှစ်.. ရှစ်သောင်း၊ ငါ... ငါ..."
လက်ရှိတွင် သူသေချင်စိတ် ပေါက်သွားသည်။
YOU ARE READING
ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1
Adventureမူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟွမ် မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ထာဝရ လူငယ်လေးလုမင်ဟာ သွေးကြောလုယူခြင်းခံရပြီး အသ...