111 - 115

484 46 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 111 ) မောက်မာသော သွမ့်မုမိသားစု

သူ့အနေနဲ့ မူလက ဤကျင့်ကြံခြင်းအခြေခံဆိုရင် လုမင်ကို သူ့ခြေထောက်အောင်မှာ နင်းချေနိုင်ပြီလို့ ထင်ထားခဲ့ပါသည်။ ထိုအခါမှ လုမင်ကို သူခံစားရတာထက် ဆယ်ဆ၊အဆတစ်ရာ ပြန်လည်ပေးဆပ်ဖို့ တေးထားသော်လည်း ယခုလိုဖြစ်လာဖို့ အိပ်မက်တောင် မမက်ခဲ့ဖူးပါချေ။

သူလေ့ကျင့်ရာက ထွက်လာတာနှင့် တစ်ပြိုင်နက် ‌လုယွမ်ရှုံက လုမင်က ‌ယောက်ထျန်းယုကို အနိုင်ယူသွားပြီး ကြေးဇယားကို ဝင်သွားခဲ့ပြီဟူသောသတင်းကို ပြောကြားလာခဲ့သည်။ ယခုအခါ သူက ခန်းမလေးခုသိုင်းပြိုင်ပွဲမှာတောင် ဝင်ရောက်ယှဉ်ပြိုင်နေလေပြီ။

ထိုအကြောင်းကို ကြားလိုက်ရစဉ်က သူလုံးဝ မယုံကြည်နိုင်ဘဲ နားကြားမှားနေပြီဟုတောင် တွေးလိုက်မိသည်။

သူတကယ်ကို လက်မခံနိုင်ပေ။ သူက သည်တစ်ခေါက် လေ့ကျင့်ရာက ထွက်လာရင် လုမင်ကို လုံးဝနင်းချေနိုင်ပြီဟု ယုံကြည်နေခဲ့သည့်တိုင် ရလဒ်က ဆန့်ကျင်ဘက်ဖြစ်နေခဲ့ရသည်။ သူဟာ အရင်းအမြစ်များစွာကို အသုံးပြုခဲ့သော်လည်း လုမင်နှင့်ယှဉ်ရင် ဝေးနေဆဲပင်။

"လုမင်… ဒီခွေးမသားလေးက ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန်တိုးတက်လာတာပါလိမ့်… နတ်ဘုရားတွေက တကယ်မတရားဘူး… ဒီကောင်စုတ်လေးကျမှ ဘာဖြစ်လို့ ဒီလောက်ပါရမီရှိနေရတာလဲ"
ဘေးနားရှိ လုယွမ်ရှုံက မကျေမချမ်းဖြင့် အံကြိတ်ကာ ပြောလိုက်ပါသည်။

"လုမင်ဘယ်လောက်ပဲ သန်မာနေပါစေ… သူက အကိုလင်းရဲ့အရှေ့မှာတော့ အမှိုက်သာသာပါပဲ"
လုယောက်က လေးနက်စွာ ပြောလိုက်သည်။

"ဟားဟားဟား… မိန်းကလေးလုပြောတာ အမှန်ပဲဗျ… လုမင်က ဘာကောင်ဖြစ်ဖြစ် သခင်လေးလင်းနဲ့ယှဉ်ဖို့တော့ အဝေးကြီးမှာပါဗျာ"
ထိုအခါ လုယောက်ဘေးနားရှိ သွမ့်မုမိသားစုဝင်ကလည်း ဝင်ရောက်ပြောဆိုလိုက်ပါသည်။

"အမှန်ပဲ… ကျုပ်က‌တော့ ဒီပွဲမှာ လုမင်ဝေးဝေးကိုသွားနိုင်မယ် မထင်ဘူး… သူက ကျုပ်တို့သွမ့်မုမိသားစုဝင် ပါရမီရှင်နဲ့ ရင်ဆိုင်ရတာနဲ့ သေချာပေါက် ဖယ်ထုတ်ခံရလိမ့်မယ်… သူက ကံကောင်းလို့ ထိပ်တန်းသုံးဆယ်ထဲကို ရောက်ရှ်ိသွားရင်တောင် ကျုပ်တို့ သွမ့်မုမိသားစုဝင်နဲ့ ရင်ဆိုင်ရရင် ချက်ချင်းထွက်သွားရလိမ့်မယ်"
နောက်တစ်ဦးကလည်း ချက်ချင်း ပြောဆိုလိုက်သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now