ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်းစာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 81 ) ရှစ်ပွဲနိုင် ပါရမီရှင်သို့တိုင် သူ့ကို တရားစီရင်ရေးခန်းမဝင် အယောက်သုံးဆယ်ခန့်က ဝန်းရံထားပါသည်။
ခဏပိုင်းအတွင်းမှာပင် တိုက်ခိုက်မှုမျိုးစုံက လုမင်ထံသို့ တိုးဝင်လာ၏။
ယင်းတို့ကို ရှောင်တိမ်းဖို့နည်းလမ်း မရှိတော့ပါချေ။
"သွေးမျိုးဆက်ပေါက်ကွဲခြင်း"
လုမင် တွန့်ဆုတ်မနေတော့ပဲ သွေးမျိုးဆက်ပေါက်ကွဲခြင်းစွမ်းရည်ကို ထုတ်ဖော်လိုက်တော့သည်။သွေးမျိုးဆက်ပေါက်ကွဲပြီးနောက် လုမင်ရဲ့ တိုက်ခိုက်နိုင်စွမ်းက အလွန်တိုးတက်လာ၏။
ကျဆင်းလာသော ဓါးချက်တွေကို ရှောင်တိမ်းနိုင်သ၍ ဓါးစွမ်းအင်လှိုင်းတွေကို သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုဖြင့် ရင်ဆိုင်နိုင်ပါသည်။
"ဝုန်း ဂျုန်း"
ဓါးစွမ်းအင်၊ လက်သီး၊ ခြေကန်ချက်တွေက လုမင်ကို ဆက်တိုက်ထိမှန်လေ၏။ သို့သော် လုမင်ရဲ့ခန္ဓာကိုယ်က အနည်းငယ်သာ တုန်ခါသွားပြီး ကြယ်တာရာဓါးဖြင့် ဆက်တိုက်ခုတ်ထစ်လိုက်ပါသည်။စီးဆင်းနေသောအလင်းဓါးသိုင်းက အလွန်မြန်ပါသည်။ ဓါးအလင်းတွေက ချက်ချင်း လက်ဖြာကာ ထွက်ပေါ်လာခဲ့သည်။
"အား… အား"
အော်ဟစ်သံတွေနှင့်အတူ လူခုနစ်ဦးခန့်က ဒဏ်ရာအပြင်းအထန်ရပြီး အော်ဟစ်ကာ လဲကျကုန်ပါသည်။"သတ်"
လုမင်က ရူးသွပ်နေသူတစ်ယောက်ပမာ တိုက်ခိုက်နေပြီး သူ့ခန္ဓာကိုယ်မှ ချီစွမ်းအင်တွေကလည်း အရူးအမူးပေါက်ကွဲထွက်ပေါ်လေ၏။သူ့ရဲ့ သွေးမျိုးဆက်က အဆင့်လေးသွေးမျိုးဆက်သာ ဖြစ်သောကြောင့် အသက်ငါးရှိုက်စာသာ အချိန်ရပါသည်။
ထိုအသက်ငါးရှိုက်စာအတွင်းမှာတော့ သူက အလွန်အစွမ်းထက်၏။
"ချွမ်၊ ချွမ်"
ကြယ်တာရာဓါးက အလင်းတန်းတစ်ခုလို လှုပ်ရှားနေပါသည်။ တစ်ချိန်ထဲမှာပဲ လူတွေတစ်ယောက်ပြီးတစ်ယောက် လဲကျသွားခဲ့ရသည်။
YOU ARE READING
ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1
Adventureမူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟွမ် မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ထာဝရ လူငယ်လေးလုမင်ဟာ သွေးကြောလုယူခြင်းခံရပြီး အသ...