ထာဝရနဂါးတန်ခိုးရှင် (လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 351 ) လုမင်မပါပေရက်အနည်းငယ်ကြာပြီးနောက်။
ရွှမ်ယွမ်ဓားဂိုဏ်း၏ အစည်းအဝေးခန်းထဲတွင် ရွှမ်ယွမ်ဓားဂိုဏ်းမှ ကျွမ်းကျင်သူများ၊ တိမ်နီတောင်ကြားမှ ကျွမ်းကျင်သူများ၊ လုမင်၊ ဟွာချီနှင့် အခြားသူများ ရှိနေကြသည်။
"ကောင်းကင်နတ်ဘုရား အစောင့်အရှောက် ရွေးချယ်တာက နေအင်ပါယာရဲ့ အင်အားနှစ်ဖက်ကြားက ချိန်ခွင်လျှာကို ချိုးဖြတ်စေနိုင်တယ်..။ ရှီဖန်းဓားဂိုဏ်းရဲ့ ချိုးကန်ခုန်းက ကောင်းကင်နတ်ဘုရား အစောင့်အရှောက်ဖြစ်လာဖို့ ဒီအခွင့်အရေးကို ဆုပ်ကိုင်နိုင်ဖို့ ကြိုးစားမယ်လို့ထင်တယ်..။ ချိုးကန်ခုန်းသာ ကောင်းကင်နတ်ဘုရား အစောင့်အရှောက်ဖြစ်လာရင် ကျုပ်တို့အတွက် အန္တရာယ်များပြီ"
လင်းရွယ်ယီက စတင်ပြောလိုက်သည်။"ဟုတ်ပါတယ်.. ကောင်းကင်နတ်ဘုရား အစောင့်အရှောက်က လွှမ်းမိုးနိုင်စွမ်း ကြီးမားလွန်းတယ်..။ သူတို့က စွမ်းအားနည်းနည်းပဲ သုံးရင်တောင် အင်အားကြီးနေတုန်းပဲ..။ ချိုးကန်ခုန်းရဲ့ ပါရမီအရ ကောင်းကင်နတ်ဘုရား အစောင့်အရှောက်ဖြစ်လာဖို့က မဖြစ်နိုင်တာ မဟုတ်ဘူး..။ ဒါဆို အရမ်းအန္တရာယ်များလိမ့်မယ်"
တိမ်နီတောင်ကြားသခင် လင်ပိုထျန်းကလည်း ပြောလိုက်၏။"အဲတာကြောင့် ချိုးကန်ခုန်းကိုယှဉ်ဖို့ ကျုပ်တို့ဘက်ကလည်း ကောင်းကင်နတ်ဘုရား အစောင့်အရှောက်ဖြစ်လာနိုင်မဲ့သူလိုတယ်"
တစ်ယောက်က သက်ပြင်းချလိုက်သည်။ထိုအခါ လူတိုင်း၏ မျက်လုံးအကြည့်များက လုမင်အပေါ်သို့ ကျရောက်လာသည်။
သူတို့ဘက်မှ လုမင်သည်လည်း ပြိုင်ဘက်ကင်း ပါရမီရှိကာ ချိုးကန်ခုန်းကိုပင် ယှဉ်နိုင်ပေ၏။
"ကောင်းကင်နတ်ဘုရား အစောင့်အရှောက်"
လုမင်မျက်လုံးက အရောင်လက်သွားခဲ့သည်။ပုံမှန်ဆိုလျှင် သူ့အနေဖြင့် ကောင်းကင်ဧကရာဇ်ဘုရားကျောင်းနှင့် ဝေးဝေးမှာနေရမည် ဖြစ်သည်။ အကြောင်းမူကား ကောင်းကင်ဧကရာဇ် ဘုရားကျောင်းသခင်၊ ဧကရာဇ်ရီဝူဟွမ်သည် သူ၏ ရန်သူတော်ကြီး ဖြစ်နေသောကြောင့်ပင်။
YOU ARE READING
ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1
Adventureမူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟွမ် မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ထာဝရ လူငယ်လေးလုမင်ဟာ သွေးကြောလုယူခြင်းခံရပြီး အသ...