91 - 95

532 42 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်းစာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 91) သတ်ဖြတ်ခြင်း

လုမင်က ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ရာ မီးကျွမ်းကာသေဆုံးနေသော လူတစ်ဦးကို မြင်လိုက်ရပါသည်။ ထိုအခါ ဖြစ်ပျက်သွားသမျှကို သူတွေးလို့ရခဲ့လေပြီ။

သူ့နှာလုံးသားထဲမှာလည်း အေးစက်သွားပြီး သတ်ဖြတ်ချင်စိတ်များ ဖြစ်ပေါ်လာ၏။

သိုင်းသမားဟူသည် သန်မာသူဖြစ်စေ အားနည်းသူဖြစ်စေ စည်းစနစ်နှင့် ဂုဏ်သိက္ခာ၊ မာနတရားရှိသင့်ပေသည်။  သိုင်းသမားဖြစ်ပြီး သာမန်လူတစ်ယောက်ကို သတ်ဖြတ်၊အနိုင်ကျင့်ခြင်းသည် အထင်‌မြင်သေးဖွယ်ကောင်း၏။

သို့သော် အနှီရှီဖန်းဓါးဂိုဏ်သားတွေကမူ ဂုဏ်သိက္ခာမရှိ၊ မိမိလိုရာကိစ္စအောင်မြင်စေဖို့ အရာအားလုံးကို လုပ်ဝံ့ချေသည်။

လုမင်ရဲ့ သတ်ဖြတ်ချင်စိတ်တွေဟာ အလွန်ပြင်းထန်လာခဲ့ပါသည်။

လုမင်ရဲ့ သတ်ဖြတ်ချင်စိတ်‌ကို ရှီဖန်းဓါးဂိုဏ်းသားတွေကလည်း ခံစားမိသွားပါသည်။

ကျန့်ချမ် မျက်မှောင်ကြုတ်လိုက်သည်။

သူက ထိုနေရာဘက်ကို လူကိုးယောက် စေလွှတ်ခဲ့သော်လည်း တစ်ဦးမှ ပြန်ရောက်မလာဘဲ လူစိမ်းတစ်ဦးသာ ပြန်ရောက်လာခဲ့ပေရာ။

တစ်ခုခုတော့ မှားနေလေပြီ။

ကျန့်ချမ်ရဲ့ မျက်နှာအမူရာက ပြောင်းလဲသွားခဲ့သည်။

လုမင်က တစ်လှမ်းချင်းသာ လျှောက်လှမ်းနေပြီး နှေး‌ကွေးပုံရသော်လည်း တကယ်တမ်း အလွန်မြန်ဆန်လေ၏။ အသက်ရှုချိန်အနည်းငယ်အတွင်းမှာပဲ သူက ရှီဖန်းဓါးဂိုဏ်းသားတွေအနားကို ရောက်လာခဲ့လေပြီ။

"ကောင်လေး… မင်းဒီကိုဘာလာလုပ်တာလဲ… လမ်းမှာ ငါတို့ရှီဖန်းဓါးဂိုဏ်းသားတွေကို မြင်ခဲ့လား"
ရှီဖန်းဓါးဂိုဏ်းသားတစ်ဦးက အော်ပြောလိုက်သည်။

"ငါမြင်ခဲ့ပါတယ်… ဒါပေမယ့် သူတို့အားလုံးသေပြီ"
လုမင် ပြောလိုက်သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now