ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 981 ) မေးမြန်းခြင်း။"ဟွာချီ၊ မင်းတို့အားလုံး နေအင်ပါယာကနေ ထွက်ခွာပြီး လျန်ရီတောင်ကို လာခဲ့ကြရတာ ငါ့ကြောင့်ပါပဲ။ လာ၊ ငါ့ကိုယ်ငါ တစ်ခွက်သောက်ပြီး အပြစ်ပေးပါရစေ"
လုမင်က သူ့ခွက်ကို မြှောက်လိုက်ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်သည်။"လုမင်၊ ဒီလိုမပြောနဲ့၊ တကယ်တော့ နေအင်ပါယာ ဆိုတာက သေးငယ်လွန်းတယ်။ ငါတို့ အဲဒီမှာဆက်နေရင် ဘာတစ်ခုမှ အောင်မြင်နိုင်မှာ မဟုတ်ဘူး။ အခု လျန်ဪရီတောင်မှာတော့ သဘာဝစွမ်းအင်ချည်းတောင် နေအင်ပါယာထက် အဆတစ်ရာကျော် ပိုကောင်းတယ်။ နောက်ပြီး နေအင်ပါယာရဲ့ အဆင့်မြင့် လူအားလုံးလည်း ဒီနေရာမှာ ရှိနေခဲ့ပြီ မဟုတ်လား"
ဟွာချီက ဂရုမစိုက်ဟန်ဖြင့် ရယ်မောကာ ပြောလိုက်၏။"ကျင့်ကြံခြင်းလောကကြီးမှာ အရာရာက အတုအယောင်တွေချည်းပါပဲ။ လေ့ကျင့်မှုနဲ့ ခွန်အားကသာ အစစ်အမှန် ဖြစ်နိုင်တယ်။ အရင်က ငါဟာ တိုင်းရည်ပြည်ရေးနဲ့ အလုပ်ရှုပ်နေပြီး လေ့ကျင့်မှုကို လျစ်လျူရှုခဲ့မိတယ်။ အခုချိန်ကစပြီး လေ့ကျင့်မှုတွေ ပိုလုပ်တော့မှာပါ"
ဟွာချီလည်း သူ့ခွက်ကို မြှောက်လိုက်ပြီး တစ်ကျိုက်တည်း မော့လိုက်သည်။နေအင်ပါယာကို ဟွာမိသားစုမှ ဘိုးဘေးများက တည်ဆောက်ထားခဲ့သော်လည်း ဟွာချီဟာ အမြင်ကျယ်လာခဲ့ပြီ ဖြစ်သည်။ နေအင်ပါယာသည် အင်မတန် သေးငယ်သော နေရာတစ်ခုမျှသာဖြစ်ကြောင်း သူသိလာခဲ့၏။ အရှေ့ပိုင်းကန္တာရရှိ မည်သည့် ဝိညာဉ်ပင်လယ်နယ်ပယ် ကျွမ်းကျင်သူမဆို နေအင်ပါယာအား အလွယ်တကူ ဖျက်ဆီးနိုင်ကြသည်။
ထို့ကြောင့် ခွန်အားဟာ စစ်မှန်သည့်လမ်းဖြစ်ကြောင်း သူသိလာခဲ့ပြီ။
"ဟွာချီ၊ ပန်ရှီ၊ ဒီမှာ မင်းတို့အတွက် အသုံးဝင်နိုင်တဲ့ အရာတွေ ရှိတယ်"
လုမင်က သိုလှောင်လက်စွပ်နှစ်ကွင်းကို ထုတ်ယူပြီး ဟွာချီနှင့် ပန်ရှီအား ပေးလိုက်သည်။ထိုအထဲတွင် ဝိညာဉ်ဆေးပင်များ၊ သိုင်းကျင့်စဉ်များ၊ သိုင်းပညာများနှင့် ဝိညာဉ်လက်နက်များ ပါရှိကြ၏။ ထိုအရာများမှာ လုမင်အတွက်လည်း အသုံးမဝင်သောကြောင့် ဟွာချီတို့ကို ပေးလိုက်ခြင်းမှာ ပိုကောင်းသည်။
YOU ARE READING
ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1
Adventureမူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟွမ် မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ထာဝရ လူငယ်လေးလုမင်ဟာ သွေးကြောလုယူခြင်းခံရပြီး အသ...