ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 921 ) အားလုံးကိုလှည့်စားသည်။"မင်းတို့အားလုံး အတူတူသွားကြ၊ စိတ်မပူပါနဲ့၊ ငါတို့အားလုံး ဒီမှာရှိလို့ လှည့်ကွက်တွေ ကစားဝံ့မှာ မဟုတ်ဘူး"
နတ်ဆိုးလေးက သူတို့ထဲက ပါရမီရှင်အချို့ကို လက်ညှိုးထိုးပြလိုက်သည်။ သွေးဓားခုနစ်နှင့် ကောင်းကင်နတ်ဆိုးချိုင့်ဝှမ်းမှ ပါရမီရှင်များကလည်း အခြားလူစုများကို စီစဉ်ပေးလိုက်၏။ ထို့နောက်မှာတော့ လုမင် ညွှန်ပြသည့်လမ်းအတိုင်း ပြေးဝင်သွားတော့သည်။မျှော်လင့်ထားသည့်အတိုင်းပင်၊ ထိုသူအားလုံး လျှပ်စီးဧရိယာထဲသို့ ပြေးဝင်လိုက်သည်နှင့်တပြိုင်နက် အားလုံး ပျောက်ကွယ်သွားခဲ့သည်။
ဤအခြေအနေကြောင့် လီထျန်းနှင့် အခြားသူများလည်း ခံစားချက် အနည်းငယ် ပိုကောင်းလာရသည်။
ထို့နောက်တွင် လုမင်လည်း ဆက်လက်စောင့်ကြည့်ပြီး အသက်လမ်းကို ရှာဖွေလိုက်လေသည်။
ခဏအကြာတွင် လုမင်က ရေခဲဖုံးနေသည့်နေရာကို လက်ညှိုးညွှန်ပြီး ပြောလိုက်သည်။
"ဒီလမ်းကို ဖြတ်သွား"သို့သော်လည်း နတ်ဆိုးလေး၊ လီထျန်း၊ သွေးဓားခုနစ်နှင့် အခြားသူများက မလှုပ်ရှားသေးပေ။
အသန်မာဆုံး ပါရမီရှင်များက လုမင်ကို အလွယ်တကူ မယုံနိုင်ကြပါ။ အကယ်၍ လုမင်ပြောသည့်စကားက အမှားဖြစ်လျှင် သူတို့ အလကား သေကြရမည် မဟုတ်ပါလား။ သူတို့လက်ထဲတွင် ပိုင်ချီရွယ်ရှိနေလျှင်ပင် မိမိအသက်နှင့် ပတ်သက်သောကြောင့် သဘာဝအတိုင်း သတိထားရမည် ဖြစ်သည်။"ငါတို့နဲ့အတူတူသွားရင် အကောင်းဆုံးလို့ထင်တယ်"
နတ်ဆိုးလေးက လုမင်ကိုကြည့်ကာ ပိုင်ချီရွယ်ကို ရှေ့သို့ ဖြည်းညှင်းစွာတွန်းထုတ်လိုက်သည်။လီထျန်းနှင့် အခြားသူများကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်၏။ ဒါက အကောင်းဆုံးပင် ဖြစ်သည်။ အကယ်၍ လိမ်လည်နေခြင်းဆိုလျှင် လုမင်ကော ပိုင်ချီရွယ်ပါ ထိခိုက်ပေလိမ့်မည်။
"ဒါက အကောင်းဆုံးနည်းလမ်းပဲ၊ မင်းနဲ့ ပိုင်ချီရွယ် အရင်သွားပါ၊ ငါက အလယ်ကနေ သွားရမှာဆိုတော့ စိတ်ချလို့ရတယ်"
လုမင်က ပြောဆိုပြီးနောက် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားသည်။
YOU ARE READING
ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1
Adventureမူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟွမ် မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ထာဝရ လူငယ်လေးလုမင်ဟာ သွေးကြောလုယူခြင်းခံရပြီး အသ...