276 - 280

462 32 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 276 ) မျှော်စင်

ဖက်တီးဟာ နာကျင်ကြေကွဲစွာ အော်ဟစ်လိုက်ပြီး သူ့အဆီတွေပင် တုန်ခါနေတော့သည်။

သွေးတွေ ဖက်တီး၏ ခြေထောက်ပေါ်ကို စီးကျနေ၏။ သူ့အစိတ်အပိုင်းတစ်ခုကတော့ ပျောက်ဆုံးသွားခဲ့ရချေပြီ။

ယင်းကိုမြင်ပြီးနောက် လုမင်ပင် ထိတ်လန့်သွားမိသည်။ ယခုလေးတင် ရှဲ့နျန်ချင်း၏ လက်ဝါးမှ ကြာပန်းနက်တစ်ခု လွင့်ထွက်သွားကာ လူငယ်၏ပစ္စည်းကို ဖြတ်တောက်လိုက်ခြင်း ဖြစ်ပေသည်။

ထိုမြင်ကွင်းဟာ အခြားလူငယ်တွေကိုပါ တစ်ကိုယ်လုံးအေးစိမ့်သွားခဲ့စေ၏။

"အား… အကိုခြောက်… ကျုပ်အတွက် လက်စားချေပေးပါ"
လူငယ်လေးဟာ နာကျင်စွာဖြင့် အော်ဟစ်လိုက်ပါသည်။

"‌ခွေးမ၊ နင်သေချင်နေတာပဲ… သတ်"
အကိုခြောက်ဟာ အော်ဟစ်၍ လုမင်ကိုဦးစွာ တိုက်ခိုက်လိုက်ပါသည်။

သူဟာ လုမင်ကိုအရင်ဖြေရှင်းပြီးမှ ရှဲ့နျန်ချင်းကို နှိပ်စက်ချင်ပေသည်။

"လူသားတာအိုလက်ဝါး"
လုမင်ဟာ အပိုစကားတွေပြောရမှာကို ပျင်းရိလေ၏။ ထို့ကြောင့် သူ၏ အသန်မာဆုံးတိုက်ကွက်ကို ထုတ်သုံးလိုက်ပါသည်။

ထိုအခါ ဧရာမလက်ဝါးကြီးက အကိုခြောက်၏ခေါင်းပေါ်ကနေ ဖိနှိပ်လာတော့သည်။ ထိုလက်ဝါးကြီးဟာ အလွန်အစွမ်းထက်၍ အံ့ဩစရာကောင်းလှသည်။

အကိုခြောက် ထိတ်လန့်တကြား ဖြစ်သွားလေ၏။
လုမင်က ဒီလောက်ကြောက်စရာကောင်းမည်ဟု ထင်မထားခဲ့ပါချေ။ ထို့ကြောင့်သူဟာ ခွန်အားအပြည့်ထည့်၍ ပြန်လည်ခုခံလိုက်ပါသည်။

"ဝုန်း"
ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာ၏။  လက်ဝါးရိုက်ချက်ကျဆင်းလာသောအခါ မြေပြင်မှာ တွင်းကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။

ဖုန်မှုန့်တွေ ပျောက်ကွယ်သွားချိန်မှာတော့ အကိုခြောက်ဟာ အသားပြားအဖြစ် သေဆုံးနေခဲ့ချေပြီ။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now