ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 391 ) သော့လေးချောင်းသည်လို တိုက်ခိုက်မှုမျိုးအောက်တွင် မျောက်ပျံ ဘာဖြစ်သွားသနည်း။
အားလုံးက ရလဒ်ကို မျှော်ကြည့်လိုက်ကြသည်။
မကြာမီ ဖုန်မှုန့်များ လွင့်ပါးသွားကာ အခြေအနေကို မြင်လိုက်ကြရ၏။
ပထမဆုံး မြင်လိုက်ရသည်မှာ မီတာဒါဇင်များစွာ ကြီးမားသော ဧရာမ လက်ဝါးကြီးတစ်ခု ဖြစ်သည်။
လက်ဝါးကြီး၏ အလယ်၌မူ မျောက်ပျံက ခွေးသေတစ်ကောင်ကဲ့သို့ လဲကျနေသည်။ သူ့ခန္ဓာကိုယ်ကို စွမ်းအင်လှံတံများကလည်း စိုက်ဝင်နေသေး၏။
မျောက်ပျံ၏ မျက်လုံးများက ပွင့်နေသေးသည့်တိုင် အသက်တော့ မရှိတော့ပေ။
သေပြီ။
မျောက်ပျံ သေသွားပြီ။ သူ့ဒေသ၏ နံပါတ်တစ်၊ တတိယအဆင့် စစ်ပါရမီရှင်ဟာ သည်လိုနှင့် သေဆုံးသွားခဲ့ရချေပြီ။
အားလုံး ထိုမြင်ကွင်းကြောင့် ပင့်သက်ရှိုက်လိုက်မိကြသည်။
တတိယအဆင့် စစ်ပါရမီရှင်ဟာ အလွန်ပါမီရှိသူများ ဖြစ်သည်။
၎င်းတို့သာ စောစေစီးစီးမသေလျှင် အနာဂါတ်၌ သိုင်းဘုရင်နယ်ပယ်အပြင် သူ့ထက်ပိုမြင့်မားသော နယ်ပယ်များပါ ရောက်နိုင်သည်။
ယခုတော့ လုံးဝသေသွားခဲ့ချေပြီ။
ထိုအချိန်တွင် ကျားပျံတောင်တန်းမှ မျောက်ပျံနှင့်အတူ လိုက်ပါလာသော အခြားလူငယ်အားလုံး ထိတ်လန့်တုန်လှုပ်ကာ မျက်နှာများ ဖြူဖျော့လာကြသည်။
ထို့နောက် တိတ်တဆိတ် ထွက်ပြေးကုန်ကြ၏။ မျောက်ကျံပင် ဤနေရာ၌ သေဆုံးသွားခဲ့ရချေပြီ။ ဤနေရာတွင် ဆက်နေခြင်းက ကိုယ့်သေတွင်း ကိုယ်တူးသကဲ့သို့ ဖြစ်နေမည် မဟုတ်ပါလား။
လုမင်က ၎င်းတို့ကို ဂရုစိုက်ရန်ပျင်းရိသည်။ သူက မျောက်ပျံအနီးသို့ လျှောက်သွားကာ ၎င်း၏ သွေးအဆီအနှစ်နှင့် သိုလှောင်လက်စွပ်ကို ယူငင်လိုက်သည်။
YOU ARE READING
ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1
Adventureမူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟွမ် မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ထာဝရ လူငယ်လေးလုမင်ဟာ သွေးကြောလုယူခြင်းခံရပြီး အသ...