611 - 615

368 30 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 611 ) ကမ္မတိုက်ပွဲ

"အကိုယန်၊ ခင်ဗျား ထွက်သွားတော့မှာလား"
ယန်ခွမ်းစု ဝင်လာတာကိုမြင်တော့ လုမင် ပြုံးလျက် မေးလိုက်သည်။

ယန်ခွမ်းစု ခေါင်းညိတ်ကာ ပြောလိုက်၏။
"ငါသိချင်တာ၊ မြင်ချင်တာအားလုံးကို သိမြင်ခဲ့ရပြီးပြီလေ... ခဏနေရင် ငါသွားတော့မှာ"

ခဏစဉ်းစားပြီးနောက် ယန်ခွမ်းစုဟာ မျှော်လင့်နေသောမျက်လုံးများနှင့် လုမင်ကိုကြည့်၍ ပြောလိုက်သည်။
"ကမ္မတိုက်ပွဲတော့ ရှိပါသေးတယ်... ငါမင်းကို နန်းတော်မှာ စောင့်နေမယ်"

"ကမ္မတိုက်ပွဲလား"
လုမင် မျက်မှောင်ကြုတ်လိုက်၏။

"ဘာလဲ..၊ ကမ္မတိုက်ပွဲကို မင်းမသိဘူးလား"
ယန်ခွမ်းစု ပြောလိုက်သည်။

"ကျွန်တော် ကြားဖူးတာပဲရှိတာ... သေချာ မသိသေးဘူး"
လုမင်ဟာ ဖေးရွယ်ပြောသည်ကိုသာ တစ်ခါကြားဖူးခြင်း ဖြစ်သည်။

"လုမင်... ကမ္မတိုက်ပွဲက အရမ်းအရေးကြီးတယ်..။  ဒီအခါကျရင် လူသားမျိုးနွယ်အပြင် အရှေ့ပိုင်းကန္တာရရဲ့ ပါရမီရှင်အားလုံး ပါဝင်ကြလိမ့်မယ်..။ ဒါက အံ့မခန်းကံကောင်းခြင်းတွေရအောင် တိုက်ခိုက်နိုင်ကြမှာ..။ အပြင်မှာ မထင်မရှားသူတောင် ကမ္မတိုက်ပွဲမှာ ရလဒ်ကောင်းသွားရင် အရမ်းတိုးတက်လာနိုင်တယ်..။ လက်ရှိ ငါ့လိုပေါ့"
ယန်ခွမ်းစုက ရှင်းပြလိုက်သည်။

"ကံကောင်းခြင်းအတွက် ယှဉ်ပြိုင်နိုင်တာလား"
လုမင် အနည်းငယ် အံ့ဩသွား၏။

ကံကောင်းခြင်းဟာ မွေးဖွားချိန်ကတည်းက ပါလာသောအရာပင် မဟုတ်ပါလား။ အလွန်တရာ လျှို့ဝှက်ဆန်းကျယ်သော ဤကံကောင်းခြင်းအတွက် မည်သို့ ယှဉ်ပြိုင်ကြသနည်း။

"ဟုတ်တယ်"
ယန်ခွမ်းစုက ခေါင်းညိတ်၍ ဆက်ပြောလိုက်သည်။
"လူစွမ်းရင် ကောင်းကင်ကိုတောင် သိမ်းယူနိုင်တယ်ဆိုတဲ့ စကားအတိုင်းပဲပေါ့... ကံကောင်းခြင်းကလည်း ဆုပ်ကိုင်တဲ့သူအပေါ်မှာ မူတည်တယ်..။ ဒါကြောင့်ပဲ ကံကောင်းခြင်းအတွက် ယှဉ်ပြိုင်လို့ ရနေတာပေါ့..။ သိုင်းပညာ၊ ပင်ကိုယ်ပါရမီ၊ ကြိုးစားအားထုတ်မှု၊ အရင်းအမြစ်တွေနဲ့ ဇွဲလုံ့လက အရေးကြီးပေမယ့် ကံတရားကလည်း အရေးကြီးတာပဲ"

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Donde viven las historias. Descúbrelo ahora