ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 186 ) ဦးခေါင်းကို မြင်းအကန်ခံရတာလား"ဝါးမျိုလိုက်စမ်း"
လုမင်က သွေးမျိုးဆက်ကိုထိန်းချုပ်ပြီး ဝါးမျိုခြင်းစွမ်းရည်ကို ထုတ်ဖော်လိုက်သည်။ ထိုအခါ ကြောက်မက်ဖွယ် ဝါးမျိုခြင်းစွမ်းအားက သားရဲဝိညာဉ်၏စွမ်းအားတွေကို ဝါးမျိုရင်း ဖိအားတွေလျှော့ချလိုက်ပါသည်။သို့သော် တိုက်ပွဲတွေဆက်တိုက်လာပြီးနောက် လုမင်၏ခန္ဓာကိုယ်ပေါ်မှာ အလွန်ပြင်းထန်သောဒဏ်ရာတွေ ရရှိနေခဲ့လေပြီ။
ဟိန်းဟောက်သံတွေက ဆက်တိုက်ထွက်ပေါ်နေကာ နေနှင့်လဟာ ကောင်းကင်ယံမှာ အင်အားယှဥ်ပြိုင်နေ၏။ လူတိုင်းက မျက်တောင် မခတ်တမ်း ကောင်းကင်ယံမှ လူငယ်နှစ်ဦးကို မော့ကြည့်နေခဲ့ကြပါသည်။
ကျားဖြူခန်းမ ဌာနမှူးနှစ်ဦးနှင့် မီးငှက်ခန်းမ ဌာနမှူးကလည်း မျက်နှာချင်းဆိုင်ရပ်နေကာ မည်သူမှ ဝင်ရောက်စွက်ဖက်ခြင်းမပြုနိုင်ပေ။
"ဝှစ် ဝှစ်"
ကောင်းကင်ယံတွင် အလင်းရောင်တွေ လက်ဖြာလာကာ ငွေရောင်ဝတ်ရုံအကြီအကဲများ တစ်ဦးပြီးတစ်ဦး ထွက်ပေါ်လာ၏။အစပိုင်းတွင် ကျားဖြူခန်းမ၏ ငွေရောင်ဝတ်ရုံ အကြီးအကဲတွေသာ ရောက်ရှိလာခဲ့ကြပေသည်။ သို့သော် မကြာမှီ မီးငှက်ခန်းမ၏ ငွေရောင်ဝတ်ရုံ အကြီးအကဲများနှင့် အခြားခန်းမနှစ်ခု၏ အကြီးအကဲတွေပါ ရောက်ရှိလာခဲ့ပေတော့သည်။
လက်ရှိတွင် ခန်းမလေးခု၏ ငွေရောင်ဝတ်ရုံအကြီးအကဲ နှစ်ဆယ်ခန့်ပင် ရောက်ရှိလာကြလေ၏။
"ဝုန်း"
ထိုစဉ်မှာပင် နေနှင့်လက ပေါက်ကွဲသွားခဲ့ပြီး သဘာဝစွမ်းအင်တွေအဖြစ် ကျဲပျံ့ပျောက်ကွယ်သွားခဲ့လေသည်။"သတ်"
"သတ်"
လူငယ်နှစ်ဦးက သတ်ဖြတ်ချင်စိတ်အပြည့်နှင့် အော်ဟစ်ပြီး ပြိုင်တူပြေးကာ ထိပ်တိုက်ရင်ဆိုင်လိုက်ကြသည်။
ဓားအလင်းနှင့် လှံအလင်းတွေကလည်း လေထုကိုဖြတ်သန်းသွားခဲ့ကြပေသည်။
YOU ARE READING
ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1
Adventureမူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟွမ် မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ထာဝရ လူငယ်လေးလုမင်ဟာ သွေးကြောလုယူခြင်းခံရပြီး အသ...