ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 361 ) 'စွမ်းရည်'စမ်းသပ်ခြင်းလူခြောက်ရာကျော်က ယွင်ဟွမ်အင်ပါယာမြို့တော်၏ မြောက်ဘက်သို့ ဦးတည်ကာ ပျံသန်းသွားခဲ့ကြသည်။ မြင်ကွင်းများမှာကား အံ့မခန်းပင် ဖြစ်၏။
သူတို့ပန်းတိုင်ဟာ အင်ပါယာမြို့တော် မြောက်ဘက်ရှိ တောင်ထိပ်တစ်ခုဖြစ်သည်။
ထိုခရီးက မိုင်တစ်ရာခန့်သာ ဝေးကွာ၍ သူတို့အဖို့ရာ သိပ်မဝေးလှပေ။
လူရှို့၏ ဦးဆောင်မှုဖြင့် သူတို့တတွေဟာ တောင်ထိပ်အရှေ့ရှိ မြေကွက်ကျယ်ကို ရောက်လာခဲ့ကြသည်။
"ကောင်းပြီ..။ အခု မင်းတို့ကို အကြိုစမ်းသပ်ပွဲရဲ့ စည်းမျဉ်းတွေကို ရှင်းပြမယ်..။ စမ်းသပ်ပွဲက တကယ်တော့ ရိုးရှင်းပါတယ်..။ စမ်းသပ်ပွဲကို နှစ်ဆင့်ခွဲထားတယ်.. ပထမအဆင့်က 'စွမ်းရည်'စမ်းသပ်တာပဲ"
"အခု မင်းတို့ရဲ့ နားလည်နိုင်စွမ်းကို စမ်းသပ်မယ်..။ မင်းတို့အနေနဲ့ စွမ်းရည်တစ်မျိုးမျိုးမှာ ကြီးမားသော အောင်မြင်ခြင်းနယ်ပယ်ကို မရောက်သေးဘူးဆိုရင် ထုတ်ပယ်ခံရမယ်"
လူရှို့က အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။"ဘာ.. ကြီးမားသော အောင်မြင်ခြင်းနယ်ပယ်ကို မရောက်သေးရင် ကျုပ်တို့ကို ဖယ်ထုတ်မှာလား"
တစ်ယောက်က အလွန်စိတ်ပျက်နေဟန်ဖြင့် အော်ဟစ်လိုက်သည်။"ကောင်းပြီ မင်းရှေ့က ကျောက်စာတိုင်ကို တွေ့တယ်မဟုတ်လား..။ ဒါက 'စွမ်းရည်'ကို စမ်းသပ်တဲ့ ရတနာတစ်ခုပဲ..။ ကျောက်စာတိုင်က မင်းတို့ရဲ့ 'စွမ်းရည်'ကို စမ်းသပ်ပြီး အရောင်တွေ ပြောင်းလဲပေးလိမ့်မယ်..။ ဒါကိုတော့ အပြာ၊ ခရမ်း၊ ငွေနဲ့ ရွှေဆိုပြီး လေးမျိုးရှိပါတယ်..။ ဒါတွေက ကနဦးအဆင့်၊ သေးငယ်သော အောင်မြင်ခြင်း၊ ကြီးမားသော အောင်မြင်ခြင်းနဲ့ ပြီးပြည့်စုံခြင်း၊ စတာတွေကို ကိုယ်စားပြုတယ်..။ ကျောက်စာတိုင်မှာ ငွေရောင်လင်းလာမှ ဖြတ်သန်းခွင့်ရမယ်လို့ သတ်မှတ်နိုင်မယ်..။ အခု စကြရအောင်"
လူရှို့က အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။
YOU ARE READING
ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1
Adventureမူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟွမ် မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ထာဝရ လူငယ်လေးလုမင်ဟာ သွေးကြောလုယူခြင်းခံရပြီး အသ...