ထာဝရနဂါးတန်ခိုးရှင် (လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 381 ) ခြေတစ်လှမ်း"ဘာ.. မဖြစ်နိုင်တာ"
အားလုံး မျက်လုံးပြူးသွားကြသည်။ရုတ်ရုတ်သဲသဲ အခြေအနေများကြောင့် မြို့အတွင်းမှ လလူခုနစ်ယောက်ခန့်ဟာ ကောင်းကင်ပေါ်သို့ ပျံတက်လာသည်။
၎င်းတို့အားလုံးက ဝိညာဉ်ကျောက်တုံး ဆယ်တုံးပေးကာ မြို့အတွင်းသို့ ဝင်သွားကြသူများ ဖြစ်သည်။
"အတင့်ရဲလိုက်လေ"
အနက်ရောင်ဝတ်လူများက ဟိန်းဟောက်လိုက်ကြ၏။မြေအောက်နတ်ဆိုးခန်းမမှ လူအားလုံး၏ မျက်လုံးများဟာ အေးစက်ကုန်သည်။ သူတို့ခန္ဓာကိုယ်မှ သန်မာသော အရှိန်အဝါများဖြာထွက်လာကာ လုမင်ကို ဖိနှိပ်လိုက်ကြ၏။
အဆင့်ငါး သိုင်းဘိုးဘေးနယ်ပယ် အထွတ်အထိပ်မှ ပါရမီရှင်ကို တစ်ကွက်တည်းဖြင့် သေအောင်သတ်နိုင်သူဟာ တတိယတန်းစား စစ်ပါရမီရှင်သာ ဖြစ်ရမည်။
"ကောင်စုတ်လေး.. မြေအောက်နတ်ဆိုးဂိုဏ်းမှ လူတွေကို သတ်ဝံ့မှတော့ မင်းက တတိယအဆင့် စစ်ပါရမီရှင်ဆိုရင်တောင် ဒီနေ့သေရမယ်"
မြေအောက်နတ်ဆိုးခန်းမ၏ လူငယ်တစ်ယောက်က အော်ဟစ်လိုက်သည်။ သူ့ဆီမှ အဆင့်ခြောက် သိုင်းဘိုးဘေးနယ်ပယ် အထွတ်အထိပ် အရှိန်အဝါများလည်း ပေါက်ကွဲကာ ထွက်ပေါ်လာ၏။ယခုပြောလိုက်သူက မြေအောက်နတ်ဆိုးခန်းမ၏ အသန်မာဆုံး လူငယ်နှစ်ယောက်အနက်မှ တစ်ယောက်ဖြစ်သည်။
"တကယ်ကြီးလားကွ..။ ငါ့ကို ဘယ်သူကသတ်နိုင်မယ်ဆိုတာ သိချင်စမ်းတယ်"
လုမင်က လှံကိုကိုင်ကာ တစ်လှမ်းချင်း လျှောက်သွားခဲ့သည်။"သတ်... အားလုံး အတူတူသတ်ကြ"
အစောပိုင်းမှ ပြောလိုက်သူက အော်ဟစ်လိုက်သည်။ ထိုအခါ ကျန်လူများကလည်း ဟိန်းဟောက် ကြွေးကြော်လိုက်ကြ၏။ ချက်ချင်းပင် သူတို့က လက်နက်ကိုယ်စီဆွဲကိုင်ကာ လုမင်ကို တိုက်ခိုက်ကြတော့သည်။ပါရှီရှင် သိုင်းဘိုးဘေးတစ်ဒါဇင်ကျော်၏ ပူးပေါင်းတိုက်ခိုက်မှုနှင် ရင်ဆိုင်ရလျှင် သာမန်အဆင့်ကိုး သိုင်းဘိုးဘေးပင် ချက်ချင်းသေဆုံးသွားရမည် ဖြစ်သည်။
YOU ARE READING
ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1
Adventureမူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟွမ် မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ထာဝရ လူငယ်လေးလုမင်ဟာ သွေးကြောလုယူခြင်းခံရပြီး အသ...