286 - 290

449 34 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 286 ) ရက်ရောသောဆုလာဘ်များ

"ဝှစ်… ဝှစ်… ဝှစ်"
လုမင်က လှံချက်ထုတ်ဖော်လိုက်သောအခါ လှံအလင်းလေးခု ထွက်ပေါ်လာခဲ့ပါသည်။ 

"ဖောက်၊ ဖောက်"
လှံအလင်းက သားရဲလေးကောင်ကို အလွယ်တကူ ‌ဖောက်ထွင်းသွားခဲ့လေ၏။ ခဏတွင်းမှာပင် အားလုံးသေဆုံးသွားတော့သည်။

လက်ရှိ လုမင်၏ ကျင့်ကြံခြင်းအခြေခံအရ သာမန် အဆင့်သုံးသိုင်းဘိုးဘေးတွေဟာ သူ့ပြိုင်ဘက် မဟုတ်တော့ပေ။ သူက တစ်ချက်တည်းနှင့် အလွယ်တကူသတ်နိုင်သည်။

သားရဲလေးကောင်သေသွားခဲ့ပြီးနောက် လုမင်ဟာ ဆယ်မီတာကျောရှိ အလင်းတန်းဆီကို လျှောက်သွားကာ စာလိပ်ကို ယူငင်လိုက်ပါသည်။

လုမင်က အနည်းငယ်အားစိုက်လိုက်တာနှင့် စာဘိပ်ဟာ သူ့လက်ထဲကို ပါလာခဲ့လေ၏။

မဟာဓားသိုင်းဆယ်ကွက်။ မြေကမ္ဘာအဆင့်နိမ့် သိုင်းပညာ။

ယင်းကိုမြင်ပြီးနောက် လုမင်အနည်းငယ် စိတ်ပျက်သွားခဲ့ပါသည်။

သူက ဓားသိုင်းမသုံးပေ။

လက်ရှိ လုမင်အသုံးပြုနေသော ရှေးဟောင်းဒိုင်းပညာရပ်နှင့် တာအိုသုံးပါးလက်ဖဝါးကလည်း မြေကမ္ဘာအဆင့်နိမ့် သိုင်း‌ပညာတွေ ဖြစ်ပေသည်။ ၎င်းတို့က အလွန်အစွမ်းထက်ပြီး မြေကမ္ဘာအဆင့်နိမ့် သိုင်းပညာတွေထဲမှာတောင် ထိပ်တန်းအဆင့်မှာ ရှိလေ၏။

နတ်ဘုရားအဆင့် သိုင်းပညာဖြစ်သော ‌နဝမနဂါးခြေလှမ်းကိုတော့ သူမလေ့ကျင့်နိုင်သေးပါချေ။ သို့တိုင် သူ့မှာ ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် သူ့မှာ အခြားသိုင်းပညာတွေက လိုအပ်မှု မရှိသေးပါချေ။ သူလိုချင်တာဟူ၍ လှံသိုင်းပညာသာရှိပေ၏။

လက်ရှိမှာ သူအသုံးပြုနေတာက အနက်ရောင်အဆင့် သိုင်းပညာဖြစ်၍ မလုံလောက်တော့ပါချေ။

သို့သော် ဤအရာက မြေကမ္ဘာအဆင့်နိမ့် သိုင်းပညာပင်ဖြစ်၏။ ၎င်းကိုပြန်ရောင်းလျှင် ဈေးက နည်းလိမ့်မည်မဟုတ်ပေ။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now