ထာဝရနဂါးတန်ခိုးရှင် (လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ - ထာဝရ
အပိုင်း ( 436 ) အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးဆယ်ဒဿမငါး ဘီလီယံလုမင် ပါရာဂွန်ဘုရားကျောင်းအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ ထို့နောက် ဤအတောအတွင်း သူရိတ်သိမ်းခဲ့ရသော သိုလှောင်လက်စွပ်များအား ရှင်းလင်းလိုက်၏။
တစ်ရက်ကြာမှ လုံးဝ ရှင်းလင်းပြီးသွားသည်။
ထိုအခါ သူ၏ ရိတ်သိမ်းခဲ့မှုက သူမျှော်လင့်ထားသည်ထက် သာလွန်နေကြောင်း သိလိုက်ရသည်။
ပစ္စည်းများဟာ အလွန်များပြား၏။
အဓိက အရေးကြီးဆုံးမူကား သွေးတိမ်၏ သိုလှောင်လက်စွပ်ပင် ဖြစ်တော့သည်။ သူ၏ သိုလှောင်လက်စွပ်အတွင်း၌ သိုလှောင်လက်စွပ် တစ်ထောင်ကျော်ပင် ရှိနေသည်။ ယင်းက တခြားပါရမီရှင်များကို သတ်ဖြတ်ရာမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း သံသယရှိစရာ မလိုပေ။
သေချာ ရေတွက်ပြီးသောအခါ လုမင်ပင် တုန်လှုပ်သွားရ၏။
ဝိညာဉ်ကျောက်တုံး... အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးနှင့် အဆင့်မြင့်အဆင့် ဝိညာဉ်ကျောက်တုံး အားလုံးကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးသို့ ပြောင်းလျှင် ငါးဆယ်ဒဿမခြောက် ဘီလီယံအထိ ရှိနိုင်သည်။
ဟုတ်ပေသည်။ ဘီလီယံငါးဆယ်ကျော်ပင် ဖြစ်၏။ ထိုပမာဏက အမှန်တကယ် ကြောက်စရာကောင်းလှသည်။
လုမင်နှလုံးသားက တုန်ခါသွား၍ စိတ်ဓာတ်တက်ကြွလာတော့သည်။
ယင်းက ဝိညာဉ်လက်နက်၊ စသည့် အခြားပစ္စည်းများပင် မပါသေးပေ။
"ဟားဟားဟား... ဟုတ်ပြီဟေ့..။ ဒီဝိညာဉ်ကျောက်တုံးတွေက ငါခဏသုံးဖို့တော့ လုံလောက်တယ်..။ ဒီဝိညာဉ်ကျောက်တုံးအားလုံးကို ခွန်အားအဖြစ် ပြောင်းလိုက်ရင် ငါ့ခွန်အားက သိသိသာသာ တိုးတက်လာတော့မှာ"
လုမင် အလွန်ဝမ်းသာသွားခဲ့သည်။ထို့နောက် သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ အနက်ရောင် သစ်ကိုင်းနှစ်ခု ထွက်ပေါ်လာခဲ့၏။
YOU ARE READING
ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1
Adventureမူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟွမ် မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ထာဝရ လူငယ်လေးလုမင်ဟာ သွေးကြောလုယူခြင်းခံရပြီး အသ...